Home
မြန်မာသတင်း
ရန်ကုန်- မန္တလေး အမြန်လမ်းမ အန္တရာယ်ကင်းရန် ပရိတ်ရွတ်
DVB
·
June 5, 2014
GYN High
YGN High1
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို အသုံးပြုနေတဲ့ ခရီးသွားပြည်သူတွေ ဘေးရန် အပေါင်းကနေ ကင်းဝေးဖို့ သံဃာတော်တွေက ရန်ကုန်-မန္တလေး အသွားအပြန် ပရိတ်ရွတ်ဖတ် ပူဇော်နေပါတယ်။ GYN Highရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ကားတိမ်းမှောက်မှုတွေ ဖြစ်ပွားနေတဲ့အတွက် ခရီး သွားပြည်သူများ အန္တရာယ်ကင်းဖို့ ရန်ကုန်-မန္တလေး အသွားအပြန် အန္တရာယ်ကင်း ပရိတ်ရွတ်ရတာလို့ မြတောင်ကျောင်းတိုက်က သံဃာတော်တပါးက မိန့်ကြားပါတယ်။ မန္တလေး မြတောင်ကျောင်းတိုက် ဆရာတော် ဦးဝရဥာဏက “ပရိတ်ရွတ်တဲ့အတွက် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ အသုံးပြုနေတဲ့ ခရီးသွားပြည်သူတွေ ဘေးအပေါင်းရန်အပေါင်းက ကင်းဝေးလိမ့်မယ်” လို့ ပြောပါတယ်။ ဒီလမ်းမှာ အမြဲတမ်းသွားလာနေရာမှာ ကားတိမ်မှောက်မှုတွေကြောင့် လူတွေ ထိခိုက်သေဆုံးနေတာကို မြင်တွေရတာကို စိတ်မကောင်းဖြစ်မိသလို ပရိတ်ရွတ်ဖတ်ပူဇော်ဖို့ လွန်ခဲ့တဲ့ လတွေကတည်းက တိုင်ပင်ခဲ့ကြတာလို့ ဒီအစီစဉ် ဖြစ်မြောက်ရေး လုပ်ဆောင်ခဲ့တဲ့ ဥက္ကာအောင် ကျောက်မျက်ရောင်းဝယ်ရေး သူငယ်ချင်းများအဖွဲ့ ကိုမြင့်ဇော်က ပြောပါတယ်။ “ဒီလမ်းမကြီးဟာ လတိုင်းပဲ ပြည်သူလူထုတွေ ကားမှောက်တာ သေကျေတာတွေ ဖြစ်နေတယ်။ အဲဒါဘာလုပ်ရရင်ကောင်းမလဲလို့ သူငယ်ချင်းတွေနဲ့ ၀ိုင်းစုပြီး ပြောတဲ့အခါမှာ ပရိတ်ရွတ်ရင်တော့ ကောင်းမယ်။ ဗုဒ္ဓဘာသာတယောက် အနေနဲ့ ပရိတ်က အန္တရာယ်အကင်းဆုံးပဲ။ ဒီတော့ မန္တလေးကနေရန်ကုန်ထိ ရန်ကုန်ကနေ မန္တလေးအထိ အသွားအပြန်ရွတ်နိုင်လို့ ရှိရင်တော့ ကောင်းမယ်ပေါ့။ ပြည်သူလူထုတွေအတွက်ကောင်းမယ်ပေါ့။ အဲလိုယုံကြည်ချက်နဲ့ လုပ်ဖြစ်တာပါ။” ဒီနေ့စတင်ပြီး သံဃာတော် ၁၀ ပါးနဲ့ အတူ မန္တလေးကနေ စတင်ထွက်ခွာမှာဖြစ်ပြီး မန္တလေးမြို့ ဥက္ကာအောင် ကျောက်မျက်ရောင်းဝယ်ရေး သူငယ်ချင်းများနဲ့ ချမ်းမြသုခ လူမှုကူညီရေး အသင်းတို့က ပူးပေါင်းလုပ်ဆောင်တာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024