Live
Home
မြန်မာသတင်း
ရှမ်း၊ ကချင်နှင့် ကယား လူငယ်များ ငြိမ်းချမ်းရေးဖြစ်စဉ် ပူးပေါင်းစောင့်ကြည့်မည်
နန်းမြနဒီ
·
June 5, 2014
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား အပစ်ခတ်ရပ်ရေး၊ တပြည်လုံး ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေကို စောင့်ကြည့်သွားမယ်လို့ တိုင်းရင်းသားလူငယ်အဖွဲ့တွေက ကြေညာပါတယ်။ Kachin and shan youth 2ကချင်၊ ကယားနဲ့ ရှမ်းပြည်နယ်က လူငယ်ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက  ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တွေ့ဆုံပြီး လူငယ်နဲ့ငြိမ်းချမ်းရေးကွန်ရက် ဖွဲ့စည်းခဲ့ကြပါတယ်။ ဒီကွန်ရက်ဟာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ကြား ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုတွေကို တတိယအဖွဲ့အနေနဲ့ စောင့်ကြည့်သုံးသပ်သွားမယ်လို့ ကချင်လူငယ် ကွန်ရက်အဖွဲ့က ကိုမျိုးဇော်ဦးက ဒီဗွီဘီကို ပြောပါတယ်။ “ရှမ်းတောင်၊ ရှမ်းမြောက်၊ ရှမ်းအရှေ့ အဲဒီမှာ ရှိတဲ့ လူငယ်တွေရယ်၊ ကယားပြည်နယ်က လူငယ်တွေရယ်၊ ကချင်ပြည်နယ်က လူငယ်ကွန်ရက်တွေရယ် ပေါင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေကို စောင့်ကြည့်သုံးသပ်သွားမယ့်အဖွဲ့ပေါ့။ ၁၅ ဦးနဲ့ ဖွဲ့လိုက်တယ်။” သူတို့တတွေဟာ ပဋိပက္ခဖြစ်နေတဲ့ဒေသက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း သွားရောက်တွေ့ဆုံဆွေးနွေးဖို့ရှိပြီး ဆွေးနွေးပွဲပြီးတဲ့နေ့က မြစ်ကြီးနားမှာ ကေအိုင်အိုဆက်ဆံရေးရုံးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ သူတို့အဖွဲ့ဟာ နိုင်ငံတ၀န်းက လူငယ်ကွန်ရက်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက် ဧ၀ံဂေလိဘုရားရှိခိုးကျောင်းမှာ ဇွန်လ ၂ ရက်ကနေ ၃ ရက်နေ့ထိ  ၂ ရက်တာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း၊ ကချင်ပြည်နယ် နဲ့ ကယားပြည်နယ် လူငယ် ကွန်ရက်အဖွဲ့က ကိုယ်စားလှယ်တွေ စုစုပေါင်း ၇၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ ဒီတခေါက် တိုင်းရင်းသားလူငယ်များ တွေ့ဆုံဆွေးနွေးပွဲဟာ လွန်ခဲ့တဲ့ မတ်လက မော်လမြိုင်မှာ ကျင်းပခဲ့တဲ့  မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်က ဆုံးဖြတ်ချက်တွေကို ဆက်လက်အကောင်အထည်ဖော်တာဖြစ်ပြီး လူငယ်နဲ့ မူးယစ်ဆေးဝါးပြဿသနာ၊ လူ့အခွင့်အရေးကိစ္စ၊ ကျန်းမာရေးနဲ့ ပညာရေး ကိစ္စရပ်တွေပါ ဆွေးနွေးခဲ့ကြပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024