DVB Logo
Home
မြန်မာသတင်း
ကန်ပက်လက် CDF သို့ ချင်းပြည်သူများက နွားနောက်ကောင်ရေ ၆၀ ကျော်လှူဒါန်း
DVB
·
February 17, 2023
ကန်ပက်လက် CDF သို့ ချင်းပြည်သူများက နွားနောက်ကောင်ရေ ၆၀ ကျော်လှူဒါန်း
Donate to DVB

နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ တိုက်ခိုက်ပါဝင်နေကြတဲ့ ချင်းပြည်ကာကွယ်ရေးတပ်-ကန်ပက်လက် CDF.Kanpetlet ကို ချင်းတိုင်းရင်းသား ပြည်သူတွေက ငွေကြေးတချို့နဲ့ ရိုးရာနွားနောက်ကောင်ရေ ၆၀ ကျော် လှူဒါန်း ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ကန်ပက်လက် CDF တပ်ဖွဲ့ အနေနဲ့ ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေးအခက်အခဲတွေ ဖြေရှင်းနိုင်ရေးအတွက် ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေ မြို့နယ်တွေထဲက ကျေးရွာတွေဆီ ကွင်းဆင်းပြီး တော့ စိန်ခေါ်မှု အခက်ခဲတွေကို ရှင်းလင်းတာတွေကို ပြုလုပ်နေကြတာဖြစ်ပြီး ပြည်သူတွေက တော်လှန်ရေးတပ်ဖွဲ့တွေ ရှေ့ဆက်နိုင်ဖို့ တဘက်တလမ်းကနေ ထောက်ပံ့နေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းလာနေခဲ့ပြီး လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ် နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေး အရှိန်မြှင့်လာတာနဲ့အမျှ ရှေ့တန်းကနေ ရရာလက်နက်ကို စွဲကိုင်တော်လှန်နေကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေမှာ လက်နက်အင်အား၊ ရိက္ခာတွေအပါအဝင် အဘက်ဘက်ကနေ လိုအပ်ချက်တွေ ပိုမိုများပြားလာနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တိုက်ပွဲတွေ ပြင်းထန်နေရာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာလည်း တော်လှန်ရေးအောင်မြင်ဖို့ လူထုက လက်ဝတ်လက် စား ချွေးနည်းစာ၊ ငွေကြေးစတဲ့ တတ်အားသမျှ ဝိုင်းဝန်းပံ့ပိုးကူညီနေကြတာကို တွေ့ရပါတယ်။

လတ်တလောမှာတော့ ကန်ပက်လက် CDF တပ်ဖွဲ့က အရေးတော်ပုံအောင်နိုင်ရေးအတွက် ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး၊ကာကွယ်ရေးနဲ့ ပြည်သူလူထုတရပ်လုံး  ညီညီညွတ်ညွတ်နဲ့ စိတ်အားထက် သန်စွာ ပူးပေါင်းပါဝင်မှုအပေါ်  ကျေးဇူးတင်ရှိ‌ကြောင်းနဲ့ အရေးတော်ပုံအောင်မြင်သည်အထိ တွဲလက်မဖြုတ်တမ်း အတူတကွ ဆက်လက်ပူးပေါင်း ပါဝင်ပေးကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013