Home
မြန်မာသတင်း
မန္တလေးတွင် မီးလောင်ပြီး အမျိုးသမီး ၁ ဦး သေဆုံး၊ နေအိမ် ၄ လုံး ပျက်စီး
DVB
·
February 17, 2023
331284511_6358362557541623_3299019286315788978_n
331696541_722536969457210_3401568597242098906_n
331490472_2448033175344693_7278731935283153370_n
331302708_527649476103309_4349198066719853331_n
331720971_624733746326456_2799740226310309219_n

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်၊ ၃၀x၃၀ အေလမ်း၊ ၈၉x၉၀ လမ်းကြား၊ အကွက် ၂၅၅ မှာ ဖေဖော်ဝါရီ ၁၆ ရက်၊ ညနေ ၆ နာရီ ၁၅ မိနစ်လောက်က မီးလောင်မှုတခု ဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။

အဆိုပါမီးလောင်မှုကြောင့် လူနေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့ပြီး မီးစတင် လောင်ကျွမ်းချိန်က ပိတ်မိနေတဲ့ အမျိုးသမီး ၁ ဦး မီးလောင်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာပါ။

“မီးလောင်သွားတာ အဆောက်အဦ ၄ လုံး၊ အမျိုးသမီး ၁ ဦးတော့ သေဆုံးသွားပါတယ်။ DB (dead body) တွေ့ပါတယ်။ ဘယ်ကစလောင်တာလဲ မသိသေးပါဘူး။ အသေးစိတ် အချက်အလက်ကိုတော့ မီးသတ်ဘက်က စစ်ဆေးနေဆဲပါ” လို့ မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်းတခုက ပြောပါတယ်။

အဲ့ဒီမီးလောင်ကျွမ်းမှုကို မန္တလေးတိုင်း မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေက Level 2 အဆင့် မီးငြှိမ်းသတ်ခဲ့ကြလို့ ညနေ ၆ နာရီ ၃၅ မိနစ်မှာ မီးထိန်းနိုင်ပြီး  ၆ နာရီ ၄၀ မှာ မီးငြိမ်းသွားတယ်လို့ သိရပြီး ပျက်စီးဆုံးရှုံးတန်ဖိုးနဲ့ မီးစတင်လောင်ကျွမ်းပုံကို စုံစမ်းနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ( မန္တလေးတိုင်းမီးသတ် )

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024