DVB Logo
Home
မြန်မာသတင်း
နေပြည်တော်၌ လျှပ်စစ်ကားများအတွက် Charging Station ဆောက်လုပ်နေ
DVB
·
February 16, 2023
နေပြည်တော်၌ လျှပ်စစ်ကားများအတွက် Charging Station ဆောက်လုပ်နေ
Donate to DVB

လျှပ်စစ်ကားတွေ ပြေးဆွဲအသုံးပြုနိုင်ဖို့အတွက် လိုအပ်တဲ့ charging station ကို နေပြည်တော်၊ သပြေကုန်းမှာ ဆောက်လုပ်နေပြီး ဆောက်လုပ်နေတဲ့ အခြေအနေတွေကို စစ်ကောင်စီ ဆောက်လုပ်ရေးဒုဝန်ကြီးက ဖေဖော်ဝါရီ ၁၆ ရက်မှာ သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီခေါင်းဆောင်အနေနဲ့ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း လျှပ်စစ်ရထားတွေ၊ လျှပ်စစ်ကားတွေ ပြေးဆွဲဖို့နဲ့ပတ်သက်ပြီး မကြာခဏဆိုသလို သူ့ရဲ့စကားတွေထဲ ထည့်သွင်းပြောကြားနေခဲ့တာပါ။ အခုလည်း စစ်‌ကောင်စီ အဓိကအခြေစိုက်တဲ့ နေပြည်တော်မှာ လျှပ်စစ်ကားတွေ ပြေးဆွဲနိုင်ဖို့နဲ့ပတ်သက်ပြီး charging station ကို သပြေကုန်းဈေးအနီး အပါအဝင် နေပြည်တော်ရဲ့ အထင်ကရနေရာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၂ ကတည်းက တည်ဆောက်နေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ လျှပ်စစ်ကားတွေကို တင်သွင်းမယ်ဆိုပါက အခွန်ကင်းလွတ်ခွင့်တွေ ပေးမှာဖြစ်တယ်လို့ ဆိုထားပြီး ‌တင်သွင်းလိုသူတွေ လာရောက်လျှောက်ထားဖို့အတွက်လည်း မကြာခဏဆိုသလို စစ်ကောင်စီပိုင် သတင်းမီဒီယာတွေမှာ ထည့်သွင်းကြေညာလေ့ ရှိပါတယ်။

သပြေကုန်းအတွင်းနေထိုင်သူ အငှားယာဉ်မောင်းတဦးက “သူတို့ကတော့ လျှပ်စစ်ကားတွေသွင်းမယ်၊ အရစ်ကျနဲ့ ရောင်းပေးမယ်ဆိုပြီး ပြောတယ်။ ဒါပေမဲ့ ကားတစီးကို အရစ်ကျနဲ့ဆို အကုန်အပြီးအစီး ၇၀၀ ဝန်းကျင်လောက် ပေါက်သွားမှာဆိုတော့ ကျနော်တို့လို သာမန်လူတန်းစားက ဝယ်ဖို့ ဘယ်လွယ်ပါ့မလဲ။ နောက်ပြီး လက်ရှိကားဈေးကွက်ထဲကို ဝင်တိုးဖို့ကလည်း လတ်တလောကတော့ မလွယ်သေးဘူးလို့ ထင်တာပဲ” လို့ ပြောပါတယ်။

လျှပ်စစ်သုံးယာဉ်တွေအတွက် charging station တွေကို စစ်ကောင်စီအနေနဲ့ နေပြည်တော်အတွင်းမှာ သုခတော်ဝင်အိမ်ရာရှေ့၊ မြို့မဈေး၊ သပြေကုန်းဈေး၊ စည်ပင်ဧည့်ရိပ်သာနဲ့ ဘောဂသီရိကားကြီးဝန်း၊ ရန်ကုန်မြို့အတွင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရန်ကုန်ဘူတာကြီး၊ အဝေးပြေးကားဝန်းတွေနဲ့ သီရိမင်္ဂလာဈေး၊ သခင်မြပန်းခြံ၊ မန္တလေးမြို့အတွင်းမှာ မြို့ပတ်လမ်း၊ သိပ္ပံလမ်းမ၊ ကျုံးပတ်လမ်းနဲ့ အဝေးပြေးကားဝန်းတွေနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရှိ ယာဉ်ရပ်နားစခန်းတွေမှာ တည်ဆောက်နေတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013