DVB Logo
Home
မြန်မာသတင်း
NUG ပညာရေးဝန်ကြီးဌာနနှင့် အမေရိကန် ထိပ်တန်းတက္ကသိုလ်တို့ ပူးပေါင်း၊ CDM ကျောင်းသားများ သင်ယူခွင့်ရမည်
DVB
·
February 16, 2023
NUG ပညာရေးဝန်ကြီးဌာနနှင့် အမေရိကန် ထိပ်တန်းတက္ကသိုလ်တို့ ပူးပေါင်း၊ CDM ကျောင်းသားများ သင်ယူခွင့်ရမည်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနနဲ့ အမေရိကန်အပါအဝင် ကမ္ဘာ့ ထိပ်တန်းတက္ကသိုလ်ကြီးတွေဖြစ်တဲ့ Massachusetts Institute of Technology နဲ့ Harvard University တို့က တည်ထောင်ထားတဲ့ edX Online Learning platform မှာ မြန်မာနိုင်ငံက CDM ကျောင်းသားတွေ လေ့လာသင်ယူလို့ရအောင် သဘောတူညီမှုတွေ ရရှိခဲ့တယ်လို့ NUG က ဖေဖော်ဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့ CDM ကျောင်းသားတွေအနေနဲ့ ပညာဆက်လက်သင်ယူနိုင်ဖို့အတွက် သင်တန်းအမျိုးအစားပေါင်း ၁၃၂ မျိုးကို edX MOOC မှာ လေ့လာနိုင်ဖို့ သဘောတူညီမှုတွေ ရရှိခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

edX ဟာ အမေရိကန်နဲ့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတွေဖြစ်တဲ့ Massachusetts Institute of Technology နဲ့ Harvard University တို့က ၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Online Learning platform တခုဖြစ်ပြီး edX ပညာရေးအဖွဲ့အစည်းကနေ Certificate Program, Bachelor Program, Master Program တွေကို လေ့လာသင်ယူနိုင်တယ်လို့ ဆိုပါတယ်။

edX MOOC မှာ လေ့လာသင်ယူနိုင်ဖို့ သဘောတူညီမှု ရရှိထားတဲ့ သင်တန်း ၁၃၂ မျိုးထဲက edX နဲ့ မိတ်ဘက်ဖြစ်တဲ့ နိုင်ငံတကာတက္ကသိုလ်တွေက အင်္ဂလိပ်ဘာသာနဲ့ သင်ကြားပို့ချတဲ့ သင်တန်းအမျိုးအစား ၈၈ မျိုးမှာ ကျောင်းသားဦးရေ ၅,၀၀၀ အထိ တက်ရောက် သင်ယူနိုင်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီသင်တန်းတွေကို တက်ရောက်ခွင့်ရရှိသူ‌ ကျောင်းသားတွေအနေနဲ့ အမေရိကန်ဒေါ်လာနဲ့ ပေးသွင်းရတဲ့ သင်တန်းတွေကို အခကြေးငွေ လုံးဝပေးသွင်းစရာမလိုဘဲ တက်ရောက်နိုင်မှာ ဖြစ်တဲ့အပြင် နိုင်ငံတကာ အသိအမှတ်ပြု သင်တန်းပြီးဆုံးကြောင်း လက်မှတ်တွေကိုလည်း အခမဲ့ ထုတ်ယူနိုင်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက အခုသင်တန်းတွေရဲ့ ဝင်ခွင့်လျှောက်ထားတာနဲ့ ပတ်သက်ပြီး ဆက်လက်ထုတ်ပြန် ကြေညာသွားမယ်လို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013