Home
မြန်မာသတင်း
ခင်ဦးတွင် စစ်တပ်က နေအိမ် ၂၅၀ ကျော်မီးရှို့ပြီး သီလရှင် ၁ ပါးကို မီးရှို့သတ်ဖြတ်
DVB
·
February 16, 2023
331106197_513254417604342_7797228822593216275_n
329805950_505060138504438_8748736797440733039_n
329823583_1032900250866779_9207552220192646607_n

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက လက်ပံလှကျေးရွာကို စစ်ကောင်စီတပ်တွေက မီးလောင်ဗုံးနဲ့ လောင်စာဆီတွေ အသုံးပြုပြီး ဖေဖော်ဝါရီ ၁၃ ရက် ညပိုင်းက မီးရှို့ခဲ့ပြီးတဲ့နောက် လက်ရှိမှာ အိမ်ခြေ ၂၅၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တဲ့အပြင် သီလရှင်တပါးကိုလည်း မီးရှို့သတ်ဖြတ်ထားခဲ့တယ်လို့ လက်ပံလှကျေးရွာသားတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ကျေးရွာထဲဝင်‌ရောက်ပြီး မီးရှို့ဖျက်ဆီးနေလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီတပ်တွေ ပြန်ထွက်သွားတဲ့အချိန် ဖေဖော်ဝါရီ ၁၆ ရက်ကျမှ ကျေးရွာထဲကို ပြန်ဝင်တဲ့အချိန် အခုလို မီးလောင်အိမ်ခြေအရေအတွက်နဲ့ မီးရှို့သတ်ဖြတ်ထားတဲ့ အလောင်းကို ရှာတွေ့ခဲ့တာဖြစ်တယ်လို့ ဒေသခံတယောက်က ဆိုပါတယ်။

မီးရှို့သတ်ဖြတ်ခံထားရတဲ့ သီလရှင်က သက်တော် ၇၀ အရွယ် ဒေါ်ဆိတ်ဆိုသူဖြစ်ပြီး နေအိမ်ထဲမှာပဲ မီးလောင်ထားတဲ့ အရိုးစုကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ နီးစပ်သူတယောက်က ပြောပါတယ်။

ခင်ဦးမြို့နယ်ထဲမှာ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ၂ ပတ်အတွင်း ကျေးရွာ ၆ ရွာက အိမ်ခြေ ၆၀၀ ကျော် မီးရှို့ခံထားရပြီး အာဏာသိမ်းပြီး ၂ နှစ်အတွင်းမှာလည်း ကျေးရွာ ၆၂ ရွာက အိမ်ခြေ ၃,၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေတဲ့အဖွဲ့က သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024