DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနယ်မြေ စစ်ဘေးရှောင်ကျေးရွာများတွင် တောမီးကြောင့် နေအိမ်အလုံး ၁၆၀ ခန့် မီးလောင်ဆုံးရှုံး
DVB
·
February 16, 2023
ကေအန်ယူနယ်မြေ စစ်ဘေးရှောင်ကျေးရွာများတွင် တောမီးကြောင့် နေအိမ်အလုံး ၁၆၀ ခန့် မီးလောင်ဆုံးရှုံး
Donate to DVB

စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေထဲက ကျေးရွာတွေမှာ တောမီးလောင်မှုကနေတဆင့် မီးကူးပြီး နေအိမ်အလုံး ၁၆၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ကေအန်ယူ ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်က ကေအန်ယူ-မူးမြို့နယ်အုပ်ချုပ်မှုနယ်မြေထဲက ကြောင်ပြာကျေးရွာမှာ တောမီးလောင်မှုကတဆင့် ကျေးရွာအတွင်း မီးစွဲသွားပြီး အိမ်ခြေ ၂၂၀ ကျော်ထဲက အိမ်ခြေ ၁၅၀ ဝန်းကျင် မီးလောင်ပြာကျသွားခဲ့သလို ဖေဖော်ဝါရီ ၁၀ ရက်တုန်းကလည်း တောမီးလောင်မှုကတဆင့် ကော့ပျင်းကျေးရွာထဲကို မီးကူးသွားကာ အိမ်ခြေ ၅၁၃ လုံးထဲက နေအိမ် ၇ လုံး မီးလောင်ပြာကျပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ မီးစွဲလောင်ခံရတဲ့ ကျေးရွာတွေရှိ ဒေသခံတွေဟာ စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ၂၀၂၂ ခုနှစ် ဇူလိုင်လကတည်းက ရွာလုံးကျွတ် ထွက် ပြေးတိမ်းရှောင်နေခဲ့ကြရတာလို့ ဆိုပါတယ်။

ဒါ့အပြင်စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေထဲကို ဝင်ရောက်မွှေနှောက် ဖျက်ဆီးတာတွအပြင် တယောက် ယောက်ကို တွေ့ရှိပါက ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နေတာကြောင့် ကျေးရွာနေသူတွေဟာ ခုချိန်ထိ နေအိမ်တွေမှာ ပြန်မနေရဲကြသေးချိန်မှာ ကျေးရွာအတွင်း အမှိုက်သရိုက် သစ်ရွက် ခြောက်တွေ ပြည့်နှက်နေတာကြောင့် ခုလို လွယ်ကူစွဲမီးစွဲလောင်ခံရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ခလယ်လွီထူခရိုင် တပ်မဟာ(၃)၊ လယ်ဒိုမြို့နယ်ထဲကို  ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်ညနေ ၅ နာရီခွဲလောက်ကလည်း လေယာဉ် ၂ စင်းနဲ့ ဗုံး ၄ လုံး ကြဲ ချခဲ့တဲ့အပြင် အော်လီဂန်းတွေနဲ့လည်း ပစ်ခတ်ခဲ့ပေမယ့် ထိခိုက်ပျက်စီးခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013