Home
လူမှုရေး
စစ်ဘေးသင့် ကလေးငယ်များအတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ကျင်းပမည်
DVB
·
June 5, 2014
Child Music‘ကျည်ဆန်တွေအစား ပန်းများပွင့်စေ ငါတို့ ချစ်တဲ့ မြန်မာပြေ’ အမည်ရ စစ်ဘေးသင့် ကလေးငယ်များအတွက် ရန်ပုံငွေဖျော်ဖြေပွဲကို ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မဟာမြိုင်မှတ်တိုင်အနီးရှိ ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ဇွန် ၈ ရက်နေ့ ညနေ ၆ နာရီမှာ ၁၁ နာရီထိ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဖျော်ဖြေပွဲကို တီးဝိုင်း ၄ ၀ိုင်းက တီးခတ်မှာဖြစ်ပြီး အဆိုတော် စောဖိုးခွား၊ ကိုင်ဇာတင်မှုံ၊ လင်းနစ်၊ ဝေကြီးနဲ့ ဒီဂျေ အီးတီ တို့က သီဆိုဖော်ဖြေမှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေက ကလေးငယ်တွေအတွက် အလှူငွေ၊ အ၀တ်အထည်၊ စာရေးကိရိယာ အစရှိတဲ့ ပစ္စည်းတွေ လှူဒါန်းလိုရင်လည်း ဖုန်း - ၀၉ ၄၂၁၀၈၇၉၉၂ နဲ့ ၀၉ ၄၉၅၇၇၁၇၈ တို့ကို ဆက်သွယ်နိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024