စစ်အာဏာသိမ်းမှုဆန့်ကျင်တော်လှန်တဲ့ဖြစ်စဉ်အတွင်း အမျိုးသမီးတွေရဲ့ ပါဝင်လှုပ်ရှားခဲ့တဲ့ အခန်းကဏ္ဍ အတွေ့အကြုံတွေနဲ့ မြန်မာနိုင်ငံရေးဖြစ်စဉ်အကြောင်းတွေကို ရေးသားထားတဲ့ Waves of Upheaval in Myanmar စာအုပ် မိတ်ဆက်ပွဲနဲ့ ရောင်းချပွဲကို ဖေဖော်ဝါရီ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပပါတယ်။
ဒီစာအုပ်မှာ ၂၀၁၁ ကနေ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းမှာ ယနေ့အထိဖြစ်ပျက်နေသောအခြေအနေတွေကို ထည့်သွင်းရေးသားထားပြီး စာအုပ် တအုပ်ကို ဘတ်ငွေ ၇၄၉ ဘတ်နဲ့ ရောင်းချခဲ့ရာမှာ မြန်မာ့အရေး စိတ်ဝင်စားတဲ့ နိုင်ငံခြားသားအများစု လာရောက် လေ့လာဝယ်ယူခဲ့ကြပါတယ်။
ဒီအခမ်းအနားမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အနေနဲ့ အာဏာဖီဆန်ကျင်လှုူပ်ရှားမှု CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေအတွက် ထောက်ပံ့ပေးနိုင်ဖို့ မြန်မာအဖွဲ့အစည်းတခုက အင်္ကျီ၊ ပို့စတာ၊ အိတ်နဲ့ အသုံးအဆောင် ပစ္စည်းတွေကို ရောင်းချခဲ့ကြပါတယ်။