DVB Logo
Home
မြန်မာသတင်း
မင်္ဂလာတောင်ညွန့်တွင် မီးလောင်ပြီး လသားကလေး အပါအဝင် လူ ၅ ဦး ထိခိုက်ဒဏ်ရာရ
DVB
·
February 15, 2023
မင်္ဂလာတောင်ညွန့်တွင် မီးလောင်ပြီး လသားကလေး အပါအဝင် လူ ၅ ဦး ထိခိုက်ဒဏ်ရာရ
Donate to DVB

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ ၁၂၂ လမ်းက တိုက်တခုရဲ့ ၄ လွှာမှာ ဖေဖော်ဝါရီ ၁၅ ရက် ‌နေ့လယ် ၂ နာရီ ၅၀ မိနစ်လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လသားအရွယ် ကလေးတဦး အပါအဝင် လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

မီးလောင်ခဲ့တဲ့တိုက်ဟာ ၈ ထပ်ဖြစ်ပြီး ၄ လွှာကနေ မီးစတင်လောင်ကျွမ်းတာလို့ သိရပြီး အသက် ၅၀ အရွယ် အမျိုးသမီး ၃ ဦး၊ ၅ နှစ်အရွယ် ကလေးတဦးနဲ့ လသားအရွယ် ကလေးငယ်တဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ‌တတိုက်လုံး မီးခိုးကူးစက်နေလို့ အရေးပေါ် အနေနဲ့ ဝရန်တာကနေ ဆင်းခဲ့ရသူတွေလည်း ရှိပါတယ်။

“လောင်တာက ၄ လွှာက စလောင်တာလို့ ညနေ ၃ ခွဲ အခြေအနေအရ သိရတယ်။ မီးကတော့ ငြိမ်းသွားပါပြီ။ မ ၃ ဦး၊ ၅ နှစ်ကလေး၊ လသားတဦးတော့ မီးခိုးမွှန်လို့ ဆေးကုသပေးရတာ ရှိပါတယ်။ ဘာလို့လောင်မှန်း စုံစမ်းနေဆဲပါ။ အောက်က လျှပ်စစ်စတိုးကလို့ ပထမက ပြောပေမဲ့ အတည်ပြုလို့ မရပါဘူး။ မီးလောင်လို့ ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်တို့က အရေးပေါ်ဆင်းရတာမျိုးတွေ ရှိပါတယ်။ အဲ့အလွှာတွေ တောက်လျှောက် မီးခိုးကူးတာတွေတော့ ရှိပါတယ်” လို့ လူမှုကူညီရေးအသင်းတခုက ဆိုပါတယ်။

အဆိုပါ မီးလောင်မှုကို Level 1 အဆင့်သတ်မှတ်ပြီး မြန်မာနိုင်ငံမီးသတ်ဌာနချုပ်၊ မင်္ဂလာတောင်ညွန့် မီးသတ်ဌာန လူမှုကူညီရေးအသင်းတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြလို့ ညနေ ၃ နာရီ ၀၃ မိနစ်မှာ မီးထိန်းနိုင်ကာ ညနေ ၃ နာရီ ၃၀ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013