DVB Logo
Home
မြန်မာသတင်း
တာ့ခ်ခရိုင် ၅ လောင်းပြိုင်လူသတ်မှု မြန်မာလုပ်သား ၃ ဦးအား ပစ်မှတ်ထားရှာဖွေဆဲ၊ သတင်းပေးသူကို ဘတ်ငွေ ၅၀,၀၀၀ ဆုချမည်
DVB
·
February 15, 2023
တာ့ခ်ခရိုင် ၅ လောင်းပြိုင်လူသတ်မှု မြန်မာလုပ်သား ၃ ဦးအား ပစ်မှတ်ထားရှာဖွေဆဲ၊ သတင်းပေးသူကို ဘတ်ငွေ ၅၀,၀၀၀ ဆုချမည်
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ဝမ်းကျောက်မြို့နယ်၊ ချိန်းထောင်းအုပ်စုထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိသားစုဝင် ၅ ဦးရဲ့အလောင်းကို တောင်ယာစိုက်ခင်းအနီး တွေ့ရှိပြီးတဲ့နောက် အဲဒီမှာ အလုပ်လုပ်ခဲ့တဲ့ မြန်မာလုပ်သား ၃ ဦးကို တာဝန်ရှိသူတွေက အဓိကပစ်မှတ်ထား ရှာဖွေနေပါတယ်။ အဆိုပါမြန်မာလုပ်သား ၃ ဦးမှာ ဦးမွှေး (၄၀ နှစ်)  နဲ့ သားဖြစ်သူ ကိုတိုး ( ၂၀ နှစ်) ၊ သမက်ဖြစ်သူ ကိုကောင်း (၂၃ နှစ်)တို့ဖြစ်ပြီး ၅ ဦး အလောင်းတွေ့ပြီးကတည်းက ပျောက်ဆုံးနေတာဖြစ်ပါတယ်။ 

မျက်မြင်သက်သေက သူတို့ ၃ ဦးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က လယ်ယာသုံးအစိမ်းရောင်ကား ၁ စီးနဲ့ ဖုပ်ဖရဘက် ထွက်သွားတာတွေ့ပြီး ပြန်လာတာတော့မတွေ့ကြောင်းနဲ့ အဲဒီနောက် အဆိုပါကားကို မဲဆောက်မြို့နယ် မယ်လမော့ရွာအနီးမှာ စက်ဆီကုန်နေတဲ့အနေအထားနဲ့ ရပ်ထားတာ တွေ့ခဲ့ပါတယ်။ 

အဲဒီကားကို ရွာသူကြီးအိမ်မှာ ခေတ္တသိမ်းဆည်းထားပြီး အခုအခါတာဝန်ရှိ သူလက်ထဲအပ်လိုက်ပါတယ်။

ဒီမတိုင်ခင်က အသတ်ခံရတဲ့သူထံမှာ အလုပ်လုပ်ဖူးခဲ့တဲ့  မြန်မာအလုပ်သမား ၄ ဦးကိုလည်း ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ပါတယ်။

အလုပ်သမား ၄ ဦးကတော့ သေဆုံးသူရဲ့ တောင်ယာဟာ ကျယ်ပြန့်တဲ့အတွက် ဦးမွှေးတို့နဲ့ အတူ မနေရကြောင်း၊ သူတို့က တခြားလယ်စောင့်တဲမှာနေနေပြီး အလုပ်ရှင် နိုင်းချောဝ်းရဲ့ အလောင်းမတွေ့ခင်ရှေ့ ၅ ရက်လောက်က သူတို့ကို ဆန်နဲ့ဟင်းချက်စရာတွေ လာပို့ ပေးတယ်လို့ ပြောပါတယ်။

နိုင်းချောင်းဟာ စကားအပြောအဆိုမောက်မာပြီး အလုပ်သမားတွေကိုလည်း သေနတ်နဲ့ ခြိမ်းချောက်လေ့ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒီမတိုင်ခင် ရဲတွေက  ဒီအမှုဟာ  မူးယစ်မှု၊ အိမ်ထောင်ရေးပြဿနာ၊ လူကုန်ကူးမှု၊ အလုပ်သမားပြဿနာစတဲ့ထဲက တခုခုဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ရာမှာ ကျန်တဲ့ ၃ ခု သံသယကင်းတာကို စစ်ဆေးတွေ့ရှိပြီး ပျောက်ဆုံးနေတဲ့ အလုပ်သမား ၃ ဦးကို အဓိက ပစ်မှတ်ထားရှာဖွေနေတာ ဖြစ်ပါတယ်။

ရွှေ့ပြောင်းလုပ်သားနေထိုင်တဲ့နေရာတွေမှာ ဝင်ရောက်စစ်ဆေးနေသလို နယ်စပ်တလျှောက် တရားမဝင်အလုပ်သမားဝင်ရောက်မှုနဲ့ ငှါးရမ်းခန့်ထားမှုတွေ ကြပ်မတ်စွာ စစ်ဆေးအရေးယူဖို့လည်း သက်ဆိုင်ရာက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ 

သူတို့ ၃ ဦးဟာ မြန်မာဘက်ခြမ်းကို တိမ်းရှောင်သွားပြီလို့ ယူဆရပေမယ့် ထိုင်းနိုင်ငံထဲမှာလည်း ဆက်လက်ရှာဖွေနေတယ်လို့ ဝမ်းကျောက်မြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။ 

နယ်မြေခံ မုန့်တိုင်းရင်းသားခေါင်းဆောင် နိုင်းခါ ဆေရှဲ့မားကတော့ လူသတ်သမားဖမ်း မိအောင်သတင်းပေးနိုင်သူ မည်သူ့ကိုမဆို ဘတ် ၅၀,၀၀၀ ဆုချမယ်လို့ ကြော်ငြာထားပါတယ်။ 

မုန့်တိုင်းရင်းသား နိုင်းချောဝ်း ( ၄၆ နှစ်)၊ သူ့ဇနီး နန်းကျေ့ ( ၃၄ နှစ် ) ၊ ၇ နှစ် နဲ့ ၁၀ နှစ်ရွယ် သား ၂ ယောက်နဲ့ ၃ လရွယ် သမီးငယ်တို့ဟာ တောင်ယာမှာအလုပ်သွားလုပ်စဉ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့က တောင်ယာနဲ့ ၅၀၀ မီတာအကွာ လျှိုမြောင်နားမှာ အလောင်းအနေနဲ့တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ 

ကိုးကား - naewna.com

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013