လက်ရှိအာဏာရ ဆီးရီးယားသမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရ

ဓာတ်ပုံ - ရိုက်တာ
လက်ရှိအာဏာရ ဆီးရီးယားသမ္မတ ဘာရှားအယ်လ် အာဆတ်ဟာ ရွေးကောက်ပွဲ နိုင်ခဲ့ပြီး တတိယအကြိမ် သမ္မတသက်တမ်း ၇ နှစ်ကို တာဝန်ထမ်းဆောင်မယ်လို့ ဆီရီးယား လွှတ်တော်က ပြီးခဲ့တဲ့ ဇွန် ၄ ရက်နေ့က ကြေညာပါတယ်။ [caption id="attachment_57891" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]ဆီးရီးယားလွှတ်တော်ရဲ့ ပြောခွင့်ရ မိုဟာမက် ဂျိဟတ် အယ်လ် လာဟန်က ဇွန် ၃ ရက်နေ့ ရွေးကောက်ပွဲရဲ့ နောက်ဆုံးရလဒ်ကို ကြေညာရင်း သမ္မတ အာဆတ်ဟာ ၈၈ ဒသမ ၇ ရာခိုင်နှုန်း မဲနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဆီးရီးယား အခြေခံဥပဒေခုံရုံးက နိုင်ငံတွင်း မဲပေးခွင့်ရှိသူ ၇၃ ဒသမ ၄၂ ရာခိုင်နှုန်းက ရွေးကောက်ပွဲမှာ မဲပေးခဲ့တယ်လို့ ဇွန် ၄ ရက်နေ့ အစောပိုင်းက ပြောပါတယ်။ ဒီရွေးကောက်ပွဲဟာ ဆီးရီးယား ခေတ်သစ်သမိုင်းမှာ ကိုယ်စားလှယ်များများ ပါဝင်တဲ့ ပထမဆုံး သမ္မတရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ပြေး၊ အတိုက်အခံတွေနဲ့ ကျောထောက်နောက်ခံပေးတဲ့ အနောက်နိုင်ငံ တွေကတော့ ရုပ်ပျက်ဆင်းပျက် ရွေးကောက်ပွဲလို့ ပြောရင်း ပယ်ချခဲ့ကြပါတယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့ ဇွန် ၃နဲ့ ၄ ရက်နေ့မှာပဲ နိုင်ငံတွင်း မယ်လီဟာ အိဒ်လစ်နဲ့ အလက်ပိုခရိုင်တွေမှာ ပဋိပက္ခ ဆက်လက် ဖြစ်ပွားနေပုံကို ရိုက်ကူးထားတာဆိုတဲ့ ရုပ်သံတွေ လူမှုကွန်ရက် မီဒီယာတွေပေါ် ရောက်လာပါတယ်။ ဒမတ်စကတ်မြို့စွန် မယ်လီဟာဒေသလို့ ပြောထားတဲ့ နေရာပေါ် ဂျက်လေယာဉ် ပျံသန်းနေပြီး ပေါက်ကွဲမှုတွေက ထွက်လာတဲ့ မီးခိုးတွေ တက်နေတာကို ရုပ်သံမှတ်တမ်းမှာ မြင်ရပါတယ်။ အလက်ပို ကျေးလက်ဒေသ အဲ့ဇ်ဇန်တောင်ပေါ်နဲ့ အိဒ်လစ်ဘ်မြို့နားမှာ ဂရက်ဒုံးကျည်တွေ သယ်ထားပြီး နေရာချနေတဲ့ တိုက်ခိုက်ရေးသမားတွေကိုလည်း ရိုက်ကူးထားပါတယ်။ သူပုန်တွေ၊ ပြည်ပြေး၊ အတိုက်အခံတွေ၊ အနောက်နိုင်ငံတွေနဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေကတော့ ဆီးရီးယားရွေးကောက်ပွဲဟာ အများ လက်ခံနိုင်စွမ်း လုံးဝမရှိဘူးလို့ ဆိုပါတယ်။ နိုင်ငံပိုင်နက် အများအပြားက အစိုးရ ထိန်းချုပ်နိုင်စွမ်းရဲ့ အပြင်မှာ ရှိနေပြီး သန်းနဲ့ချီတဲ့လူတွေဟာလည်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတွင်းနဲ့ အိမ်နီးချင်း နိုင်ငံတွေမှာ ထွက်ပြေးခိုလှုံနေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up