A d v e r t i s e m e n t With Us

အမေရိကန်အလယ်ပိုင်းတွင် မုန်တိုင်းတိုက်

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်နိုင်ငံအလယ်ပိုင်းမှာ ဆိုးရွားတဲ့မုန်တိုင်းတခုကြောင့် ဇွန် ၃နဲ့ ၄ ရက်နေ့တွေမှာ ရုတ်တရက် ရေကြီးပြီး အိမ်တွေ၊ လယ်မြေတွေနဲ့ ကားတွေ အကြီးစား ပျက်စီးမှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။ လေပြင်းတွေနဲ့ မိုးသီးတွေကြောင့် အဆောက်အဦတွေ ထိခိုက်ပြီး အမိုးတွေ ပေါက်ပြဲ လန်ထွက်ခဲ့ပါတယ်။ [caption id="attachment_57885" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]အမေရိကန် အကျုဝယ်သာဒေါ့ကွန်း မိုးလေ၀သဌာန အကြီးတန်း မိုးလေ၀သပညာရှင်ရဲ့ အဆိုအရ နီဘရာစကာ၊ အိုင်အိုဝါနဲ့ ကန်းဆပ်ပြည်နယ်တွေမှာ လေဆင် နှာမောင်း အစီရင်ခံမှု ၁၃ ခု ရှိခဲ့ပါတယ်။ မုန်တိုင်းဟာ အရှေ့ဘက်ကို ရွေ့လျားမယ်လို့ ခန့်မှန်းထားပြီး အီလီနွိုက်တောင်ပိုင်း အင်ဒီယားနား၊ ကန်တပ်ကီ၊ အိုဟိုင်းအိုးတောင်ပိုင်း၊ အနောက်ဗာဂျီးနီးယားနဲ့ တန်းနက်စီ ပြည်နယ်တွေကို ဖြတ်သန်းသွားမယ်လို့ အိုကလာဟိုးမားအခြေစိုက် အမျိုးသား မုန်တိုင်း ခန့်မှန်းရေးဌာနက မိုးလေ၀သခန့်မှန်းသူ ဘီလ်ဘန့်တင်းက ဆိုပါတယ်။ ဇွန် ၄ ရက်နေ့ကတော့ ကန်းဆပ်ပြည်နယ်မှာ ကျောက်မီးသွေးတင်လာတဲ့ ရထားတွဲ ၅၀ ကျော် ပါတဲ့ ရထားတစီး ဟာ လေပြင်းတွေက တွန်းသလို ဖြစ်ခဲ့ပြီးတဲ့နောက် လမ်းချော်ခဲ့တယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။ ဒီ မတော်တဆမှုကတော့ နယူးကန်းဆပ်မြို့မှာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အာကင်ဆောပြည်နယ်ကနေ ၀ုံးမင်းပြည်နယ်ကို သွားတဲ့ ရထားဟာ ဒေသတွင်း လေဆင်နှာမောင်း သတိပေးချက်ကြောင့် ရပ်တန့်ထားချိန်မှာ ခုလို ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဆိုးရွားတဲ့ ပျက်စီးမှုနဲ့ ဒဏ်ရာရသူ အစီရင်ခံမှု မရှိပါဘူး။ ရထားလမ်း ပြန်ဖွင့်နိုင်ဖို့ ဘယ်အချိန်မှာ အပျက်အစီးတွေ ရှင်းပြီးမယ်ဆိုတာ အာဏာပိုင်တွေက မသေချာသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up