DVB Logo
Home
မြန်မာသတင်း
ပလမြို့ ငါးဈေးတန်းရှိ ဈေးသည်အချို့ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေး
DVB
·
February 13, 2023
ပလမြို့ ငါးဈေးတန်းရှိ ဈေးသည်အချို့ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေး
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပလမြို့ပေါ်က အသားငါးဈေးတန်းမှာ လာရောက် ရောင်းဝယ်ကြတဲ့ ကျေးရွာတချို့က ဈေးသည်တွေကို စစ်တပ်က စစ်ဆေးခဲ့တယ်လို့ အဲဒီဈေးတန်းက ဈေးသည်တွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက် မနက် ၅ နာရီကျော်မှာ ပလမြို့က အသားငါးဈေးတန်းမှာ အရောင်းအဝယ်လာလုပ်တဲ့ ကျေးရွာ ၃ ရွာက ဈေးသည်အမျိုးသမီးတွေကို ဖမ်းဆီးစစ်ဆေး မေးမြန်းခဲ့တာပါ။

တိုရွာ၊ တန်းရှင်းရွာနဲ့ သင်္ကန်းတောရွာက သားငါးရောင်းဝယ်သူ အမျိုးသမီး ၈ ယောက်ကို ဈေးရောင်းလိုင်စင် အကြောင်းပြ ဖမ်းဆီးခေါ်ဆောင်ခဲ့ပေမဲ့ PDF တွေနဲ့ ဆက်စပ်မှု ရှိ၊ မရှိ အဓိက မေးမြန်းစစ်ဆေးကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သူတို့က ပလမြို့ကနေ သားငါးဝယ်ပြီး ရွာတွေမှာ ပြန်ရောင်းနေကြတဲ့သူတွေပါ။ ရွာကထွက်တဲ့ အသီးအနှံတွေဆို ပလမြို့ပေါ်မှာ ပြန်ရောင်းကြတာ။ ဖမ်းပြီးတော့ ရွာက PDF တွေကို အသားရောင်း‌လား၊ ထောက်ပံ့နေကြတာလားဆိုပြီး စစ်ဆေးမေးမြန်းတယ်။ နောက် ပြန်လွှတ်ပေးလိုက်တယ်။”

အရင်က အဲဒီရွာက ဈေးသည်တွေမှာ ဈေးရောင်းလိုင်စင်မရှိလည်း လွတ်လွတ်လပ်လပ် ရောင်းဝယ်လုပ်ကိုင်နိုင်ပေမဲ့ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း လိုင်စင်မရှိတဲ့ ဈေးသည်တချို့ကို ဖမ်းဆီးစစ်ဆေးတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013