DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်း ရွာသစ်ကြီးစခန်းမှူးနှင့် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရ
DVB
·
February 12, 2023
စစ်ကိုင်း ရွာသစ်ကြီးစခန်းမှူးနှင့် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရ
Donate to DVB

စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးစခန်းမှူးနဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတွေကို ဖေဖော်ဝါရီ ၁၁ ရက် မနက် ၈ နာရီလောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ရွာသစ်ကြီးရဲစခန်းမှူးနဲ့အတူ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား (၄) ဦး လိုက်ပါလာတဲ့ မာခ်တူး ကားကို People's Army to Fight Dictatorship (PAFD)နှင့် PAFDတပ်ခွဲDK PDF-MMU တို့က ရွာသစ်ကြီးကျေးရွာနှင့် နတ်ခရိုင်ရွာကြားမှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့ တပ်ဖွဲ့(PAFD)ရဲ့ ဗဟိုအလုပ်အမှုဆောင်တဦးက   “ကားသမား တယောက်ပဲ ကျန်တော့တာ။ အော်တို သေနတ် ၂ လက်ပါတာ ၂ လက်လုံး ဂျန့်ဖြစ်သွားတယ်။ ဒါ့ကြောင့် လက်နက်တွေမရခဲ့ဘူး။ ကားသမားက လှည့်ပြီး စခန်းကို ပြန်သွား တယ်။ သေဆုံးဒဏ်ရာရတော့ ရှိတယ်။” 

မြေပြင်တော်လှန်ရေးအဖွဲ့တွေအနေနဲ့ တော်လှန်ရေးကာလ ၂ နှစ်နီးပါးအထိ ရှိလာပေမဲ့ လက်နက်ခဲယမ်း မပြည့်စုံမှုတွေ ရှိနေဆဲလို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013