
စစ်ကိုင်တိုင်း ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာနဲ့ ပုလဲမြို့နယ်ကြားက ဇေယျာကုန်း လမ်းခွဲအဆင်းမှာ ဒီနေ့ နေ့လယ် ၁၁ နာရီက စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တာကြောင့် ဒေသကာကွယ်ရေးတပ်က ၆ ယောက် ကျဆုံးခဲ့တယ်လို့ ပုလဲမြို့နယ်ဒေသခံကာကွယ်ရေး အဖွဲတွေက ပြောပါတယ်။
ပုလဲမြို့နယ်ဒေါင်းနက်တာဝန်ရှိသူ ရဲဘော်ပေက “သူတို့ ကျားတက်ရွာကနေ ပုလဲဘက်ကို စစ်ကြောင်း ထိုးလာလို့ ကင်းစောင့်ဖို့ရာ အရင်ကြိုပြီး သွားတာကို စစ်တပ်က ဖြတ်လမ်းကနေ ရောက်နှင့်ပြီး အခုလို အပစ်ခံလိုက်ရတာ။ ရဲဘော် ၅ ဦး ကျတယ်။ ရပ်ကျေးပအဖ တယောက် ကျတယ်။ ဒဏ်ရာရရဲဘော်က ၉ ဦးရှိတယ်။ ကားသုံးစီးနဲ့ ကျဆုံးခဲ့တဲ့ ရဲဘော် ၅ ဦး၊ ရပ်ကျေးပအဖ တဦးကို မီးရှို့ထားခဲပြီး ပုလဲမြို့ဘက်ထွက်သွားပြီ"လို့ ပြောပါတယ်။
ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဖြစ်တဲ့ တိုက်ပွဲတိုင်းမှာ ပြည်သူကာကွယ်ရေးဘက်က အသာစီးနဲ့ တိုက်ခိုက်နိုင်ခဲ့ပေမဲ့ အခုတကြိမ်မှာတော့ ပြည်သူကာကွယ်ရေးဘက် ကျဆုံး ထိခိုက်မှုအများဆုံးဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။