DVB Logo
Home
မြန်မာသတင်း
အဆိုတော် မိုးခါး၏ တော်လှန်ရေးအတွက် သီချင်းသစ် WAFB Album ထွက်ရှိ
DVB
·
February 12, 2023
အဆိုတော် မိုးခါး၏ တော်လှန်ရေးအတွက် သီချင်းသစ် WAFB Album ထွက်ရှိ
Donate to DVB

တော်လှန်ရေးရဲဘော်တဦးဖြစ်တဲ့ အဆိုတော် မိုးခါးဟာ စစ်ပညာသင်ကြားရင်း တောထဲမှရှိစဉ် ကာလအတွင်း ရဲဘော်တွေစုပြီး ရေးဆိုဖြစ်တဲ့ သီချင်းတွေကို စုစည်းကာ “WAFB” လို့ နာမည်ပေးထားတဲ့ သီချင်းအယ်လ်ဘမ်သစ်ကို ဖေဖော်ဝါရီ ၁၂ ရက်မှာ ဖြန့်ချိလိုက်ပါတယ်။

“တော်လှန်ရေးနဲ့ စိတ်ဓာတ်မြှင့်တင်ရေး သီချင်းတွေပေါ့။ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ သီချင်းတွေ အများစု ပါဝင်တယ်။ ကျနော့် ကိုယ်ပိုင်သီချင်းတွေရယ်၊ သူငယ်ချင်း ရေးပေးထားတဲ့ သီချင်း တပုဒ်ပါမယ်။ ကိုမွန်းအောင် ဆိုထားတဲ့ သမိုင်းရဲ့လက်များ သီချင်းကို ခွင့်ပြုချက်တောင်းပြီး ဆိုထားတာလည်း ပါပါမယ်”လို့ အဆိုတော် မိုးခါးက ဒီဗွီဘီကို ပြောပါတယ်။

သီချင်း အယ်လ်ဘမ် စျေးနှုန်းက မြန်မာငွေကျပ် ၃၀၀၀၀ သတ်မှတ်ထားပြီး အချပ်ရေ ၁၀၀၀ ဖြန့်ချိသွားမှာပါ။ ရရှိလာတဲ့ အကျိုးအမြတ်ရဲ့ ၈၀ ရာခိုင်နှုန်းကို တော်လှန်ရေး အဖွဲ့အစည်းတွေဆီ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။ သီချင်းတွေကို တောထဲမှာ ရှိတဲ့ပစ္စည်းတွေနဲ့ ခက်ခက်ခဲခဲ အသံသွင်းခဲ့ရတယ်လို့လည်း မိုးခါးက ပြောပါတယ်။

“WAFB သီချင်းက အာဏာမသိမ်းခင်က လုပ်ခဲ့တာ။ သီချင်းမှာပါတဲ့ စာသားတွေက တောတောင်တွေ၊ စမ်းချောင်းတွေ ရှိတဲ့နေရာ၊ စိမ်းလန်းတဲ့ တောအုပ်ဆီ သွားမယ်လို့ ရေးခဲ့တာ။ ဒါပေမဲ့ အာဏာသိမ်းလိုက်တော့ အဲ့နေရာကို တကယ် ရောက်ခဲ့တယ်။ အဲ့သီချင်းလေးက အမှတ်တရပေါ့။ ကျနော်တို့ ဂစ်တာဝိုင်းမှာ မပါမဖြစ် သီချင်းပေါ့။

“တနှစ်ခွဲလောက် ရှိတဲ့အချိန်မှာ မြို့ပေါ်က မိတ်ဆွေတွေရော အားလုံးရော လှမ်းမေးတယ်။ မင်းတို့ တောထဲမှာ အဆင်ပြေလား လှမ်းမေးရင် ဘာပြန်ဖြေရမှန်း မသိဘူး။ ဂစ်တာ ဝိုင်းတွေမှာ မေးရင် We are fine bro ပြောဖြစ်တော့ ဒီခေါင်းစဉ်လေး ပေးဖြစ်တာပါ။ WAFB အဓိပ္ပာယ်က We are fine bro”လို့ အဆိုတော် မိုးခါးက ပြောပါတယ်။

“WAFB” သီချင်းအယ်လ်ဘမ်မှာ “သို့”၊ “Our Nation” ၊ “အဆုံးသတ်ရမယ့်ပွဲ” ၊ “WAFB”၊ “သမိုင်းရဲ့လက်များ”၊ “ကျောင်းသားတပ်မတော်” စတဲ့ သီချင်းတွေ ပါဝင်ပါတယ်။

ဒီသီချင်းအယ်လ်ဘမ်မှာ စုစုပေါင်း သီချင်း ၆ ပုဒ် ပါဝင်ပြီး အွန်လိုင်းကတဆင့် ဖြန့်ချိ ရောင်းချသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013