DVB Logo
Home
မြန်မာသတင်း
YBS ဘတ်စ်ကားများ စီးရေအပြည့် မထွက်နိုင်သဖြင့် ကြားကားများ ပြေးဆွဲ
DVB
·
February 11, 2023
YBS ဘတ်စ်ကားများ စီးရေအပြည့် မထွက်နိုင်သဖြင့် ကြားကားများ ပြေးဆွဲ
Donate to DVB

ရန်ကုန်မှာ လျှပ်စစ်မီးပြတ်တောက်ပြီး ဂက်စ် အလုံအလောက် မရတာကြောင့် YBS ဘတ်စ်ကားတွေ စီးရေပြည့်မထွက်နိုင်လို့ ကြားကားတွေ ပြန်လည်ပြေးဆွဲလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ဒုတိယပတ်ကစပြီး YBS ကားတွေ CNG ဆိုင်တွေမှာ ဂက်စ်ဖြည့်ဖို့ တနေကုန် တန်းစီစောင့်ရသလို ညအိပ်ပြီးလည်း စောင့်ရတဲ့ အခြေအနေကြောင့် ယာဉ်လိုင်းတွေ အနေနဲ့‌  စီးရေပြည့် မထွက်နိုင်ဘူးလို့ YBS ယာဉ်မောင်းတွေက ပြောပါတယ်။

ကားအစီးရေ ၁၀ စီး လောက်သာ ထွက်နိုင်ပြီး ညနေပိုင်းမှာ ဂက်စ်ဖြည့်ဖို့ ပြန်လည်တန်းစီရတာကြောင့် ကားစီးရေ လျော့နည်းပြီး ညနေပိုင်းရုံးဆင်းချိန်ဆိုရင် အခက်အခဲ ဖြစ်ကြရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ကုမ္ပဏီဝန်ထမ်း တဦးက “ညနေပိုင်းရုံးဆင်းချိန်ဆိုရင် ကား မလာတာက များတယ်။ အချိန်ကြာကြာလည်း စောင့်လာရတယ်။ လာတော့လည်း ကြပ်ညပ်နေတာ။ တဆင့်ထဲ စီးရမယ့် လမ်းကို ၂ ဆင့်၊၃ ဆင့်လောက် ပြန်ပြောင်းစီးနေရတယ်”လို့ ပြောပါတယ်။

အခုလို YBS ကားတွေ စီးရေအပြည့် မထွက်နိုင်တာကြောင့် ကြားကားတွေပေါ်လာပြီး ယာဉ်စီးခ ကျပ် ၅၀၀ ကနေ ၁၀၀၀ လောက်ထိ ပေးစီးနေရတယ်လို့ မြို့ခံ တချို့က ပြောပါတယ်။ 

ညနေ ၆ နာရီကျော်ပါက YBS ကား ရှားပါးလာပြီး ကြားကားပဲ စီးနေရသလို မဆင်မခြင် မောင်းနှင်တာတွေကြောင့်  ယာဉ်အန္တရာယ် စိုးရိမ်ရတယ်လို့ ကြားကားစီးသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013