
စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးဗဟိုဌာန နေပြည်တော်မှာ ဖေဖော်ဝါရီ ၁၁ ရက် ဒီနေ့မနက် ၁၀ နာရီ၊ ၅၅ မိနစ်၊ ၀၇ စက္ကန့်က အင်အားရစ်ချ်တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပြန်ပါတယ်။
နေပြည်တော်မြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၅ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း ဥတ္တရသီရိမြို့ရဲ့ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၉ ဒသမ ၈၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၁၉ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာဖြစ်ပါတယ်။
အဆိုပါ မြေငလျင်နဲ့ ပတ်သက်ပြီး ပျက်စီးထိခိုက်မှု အခြေအနေသတင်းတွေကတော့ မကြားသိရပါဘူး။
Photo- မိုးဇလ