DVB Logo
Home
မြန်မာသတင်း
အဆိုတော် ကျားပေါက်၏စာအုပ် ထွက်ရှိပြီး နာရီပိုင်းအတွင်း ရောင်းကောင်း
DVB
·
February 10, 2023
အဆိုတော် ကျားပေါက်၏စာအုပ် ထွက်ရှိပြီး နာရီပိုင်းအတွင်း ရောင်းကောင်း
Donate to DVB

အဆိုတော် ကျားပေါက် (ဟန်ထူးလွင်)ရဲ့ Giants On My Shoulders စာအုပ်ထွက်ရှိပြီး လူမှုကွန်ရက်စာမျက်နှာကနေ စတင်ရောင်းချရာမှာ နာရီပိုင်းအတွင်း တစက္ကန့်ကို မက်ဆေ့ချ်တစောင်နှုန်းနဲ့ အမှာစာတွေ လက်ခံရရှိတယ်လို့ အဲဒီစာအုပ်ရောင်းချတဲ့ Biploarbear စာမျက်နှာက ဖော်ပြထားပါတယ်။

စာအုပ်ရောင်းချတာကို ဖေဖော်ဝါရီ ၉ ရက် နေ့လယ်ပိုင်းက Biploarbear လူမှုကွန်ရက် စာမျက်နှာကနေ တင်ခဲ့ပြီးတဲ့နောက်အခုလို စာအုပ်မှာယူမှုတွေ များပြားခဲ့တာပါ။

ဒါကြောင့် Page Admin တွေအနေနဲ့ တယောက်ချင်းတိုင်းစီကို စာပြန်မှာဖြစ်ပြီး အမှာစာတွေ များလွန်းတဲ့အတွက် သည်းခံစောင့်ဆိုင်းပေးဖို့ကိုလည်း ပန်ကြားထားပါတယ်။

အဆိုတော် ကျားပေါက်ကတော့ သူရေးတဲ့စာအုပ်နဲ့ပတ်သက်ပြီး Music Career အကြောင်း Autobiography ဆိုပေမဲ့ သူ့အကြောင်းကို Backdate နဲ့ပြန်ရေးတဲ့ ဒိုင်ယာရီဆို ပိုမှန်ပါလိမ့်မယ်လို့လည်း ကြိုတင်ပြောပြထားပါတယ်။

အဲဒီစာအုပ်ဝယ်ယူသူတွေအတွက် ပထမဆုံး အုပ်ရေ ၂၀၀ ကို စာရေးသူ ကျားပေါက်ရဲ့ အမှတ်တရလက်မှတ်နဲ့ Book Marker လက်ဆောင်တုံ့ပြန်သွားမှာဖြစ်ပြီး စာအုပ်ရဲ့တန်ဖိုးကိုတော့ ထိုင်းဘတ်ငွေ ၁၈၀ သတ်မှတ်ထားပါတယ်။

အဆိုတော် ကျားပေါက်ဟာ ၂၀၂၁၊ အောက်တိုဘာ ၁၇ ရက်ကလည်း နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် သူကိုယ်တိုင် Doodle Art ရေးဆွဲထားတဲ့ Ukulele ကို အွန်လိုင်းမှာ လေလံတင်ခဲ့ပြီး အပိတ်စျေး အမေရိကန်ဒေါ်လာ ၂၇,၅၀၀ (မြန်မာကျပ်ငွေ သိန်း ၆၀၀ ဝန်းကျင်) နဲ့ ကမ္ဘာ့စျေးအကြီးဆုံး Ukulele အဖြစ် လူသိများခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013