DVB Logo
Home
မြန်မာသတင်း
ရနောင်းတွင် တရားမဝင်မြန်မာ ၈ ဦးနှင့် ထိုင်းယာဉ်မောင်း ၁ ဦး အဖမ်းခံရ
DVB
·
February 10, 2023
ရနောင်းတွင် တရားမဝင်မြန်မာ ၈ ဦးနှင့် ထိုင်းယာဉ်မောင်း ၁ ဦး အဖမ်းခံရ
Donate to DVB

ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်၊ ကရပူရီမြို့နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၈ ဦးကို ဖမ်းဆီးရမိတယ်လို့ ရနောင်းဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၉ ရက် ညနေ ၄ နာရီလောက်က လဝကရဲနဲ့ စစ်တပ်ပါတဲ့ အဖွဲ့ဝင်တွေဟာ ကရပူရီမြို့နယ် ဝေါကျောရောအုပ်စု ဘန့်ဟင်ယိုင်ကျေးရွာက ခလောင်းကျန်စစ် ဆေးရေးဂိတ်မှာ ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးခဲ့ပါတယ်။ 

အဲဒီအခါ  ငွေရောင်တိုယိုတာဟိုင်းလပ်စ်ကား တစီးကို စစ်ဆေးရာမှာ ကားရှေ့ခန်း ဒရိုင်ဘာဘေးမှာ ထိုင်လိုက်လာသူ အမျိုးသား ၁ ဦး အမျိုးသမီး ၁ ဦးနဲ့ ကားနောက်ခန်းမှာ လဲလျောင်းပြီးခိုအောင်းလိုက်လာသူ အမျိုးသမီး ၅  ဦး အမျိုးသား ၁ ဦး တို့ကို တွေ့ရှိပါတယ်။ 

သူတို့အားလုံး မြန်မာပြည်ကော့သောင်းဘက်ကနေ တရားမဝင် ဝင်ရောက်လာကြောင်း ၊ မနေ့မနက်က လှေစီးပြီး ဘန့်နမ့်ကျစ်အုပ်စု ဆီအုန်းခြံကနေ ကမ်းပေါ်တက်ကာ လမ်းဆက်လျှောက်လာကြောင်း၊ ဘန့်ယိုင်ခလောင်းရွာမှာ ဟိုင်းလပ်ကားလာကြိုတာလို့ ဆိုပါတယ်။

ထိုင်းတောင်ပိုင်း ချွန်းဖွန်းနဲ့ စူရတ်ဌာနီခရိုင်မှာ အလုပ်သွားလုပ်ဖို့ဖြစ်ပြီး မြန်မာဘက်ခြမ်းက ပွဲစားကို တစ်ဦးလျှင် ဘတ် ၂၀၀၀၀ နှုန်းနဲ့ ၈ ဦးအတွက် ဘတ် ၁၈၀၀၀၀ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ထိုင်းလူမျိုးကားသမားကတော့ အဆိုပါ ၈ ဦးကို သွားကြိုပေးဖို့ အမျိုးသမီး ၁ ဦးက ဖုံးကနေ ဆက်သွယ်လာကြောင်း၊ သူကတော့ ၁ ဦးကို ကားခ ဘတ် ၃၀၀၀ ပဲရတယ်လို့ ဆိုပါတယ်။  သူတို့အားလုံးကို လဝက ဥပဒေနဲ့အရေးယူဖို့ ကရပူရီရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013