Home
မြန်မာသတင်း
စစ်တပ်၏ ဝင်ငွေလမ်းကြောင်းပိတ်ဆို့ရန် သြစတြေးလျလွှတ်တော်အမတ်နှင့် CRPH/NUG ကိုယ်စားလှယ်များ ဆွေးနွေး
DVB
·
February 10, 2023
329598221_1888607828165174_5347301325503103671_n

အာဏာသိမ်း မြန်မာအကြမ်းဖက်စစ်တပ်ရဲ့  ဝင်ငွေလမ်းကြောင်းတွေကို ပိတ်ဆို့ဖို့ကိစ္စ  CRPH/NUG ကိုယ်စားလှယ်တွေနဲ့ သြစတြေးလျလွှတ်တော်အမတ်နဲ့  သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၉ ရက်က သြစတြေးလျနိုင်ငံ၊ ကင်ဘာရာပါလီမန်မှာ သြစတြးလျလွှတ်တော်အမတ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ သြစတြေးလျ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ CRPH/NUG Support Group မှ ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ပြီး မြန်မာ့ရေးရာများ ဆွေးနွေးခဲ့ကြတာပါ။

စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ် ယုတ်မာမှုတွေနဲ့ စစ်တပ်ကို ငွေကြေးထောက်ပံ့နေတဲ့ ဝင်ငွေရင်းမြစ်တွေကို တသမတ်တည်း ရှာဖွေဖို့၊ စစ်တပ်ဝင်ငွေ လမ်းကြောင်းတွေကို ပိတ်ဆို့ဖို့ သြစတြေးလျအစိုးရ၊ နိုင်ငံခြားရေးရာနဲ့ ကုန်သွယ်ရေးဌာနတို့ကို တိုက်တွန်းသွားမယ့်အကြောင်း ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့ပြင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ မြန်မာ့သတ္တုတွင်းလုပ်ငန်း (MME) အမှတ် (၁)၊ အမှတ် (၂) နဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) စတဲ့ နိုင်ငံပိုင် လုပ်ငန်းတွေနဲ့ မြန်မာ့လေကြောင်း လောင်စာဆီ လုပ်ငန်းတွေအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ဖို့၊ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို ရင်ဆိုင်နေရတဲ့ အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်တွေ ကယ်တင်နိုင်ဖို့ လည်းတောင်းဆို တိုက်တွန်းခဲ့ကြပါတယ်။

ပါလီမန်ထဲမှာ သြစတြေးလျ လွှတ်တော်အမတ်နဲ့ ကိုယ်စားလှယ်တွေ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့အပြင် ပါလီမန်အရှေ့မှာလည်း အဝေးရောက် မြန်မာပြည်သားတွေ တသားတည်း ရှိကြောင်း စုပေါင်းပြီး နွေဦးတော်လှန်ရေး ၂ နှစ်မြောက် အထိမ်းအမှတ်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့မှာလည်း စစ်အာဏာရှင် အလိုမရှိကြောင်း မြန်မာတွေ ဆန္ဒပြခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024