
ရန်ကုန်မြို့မှာ ပြည်ထောင်စုနေ့ ကျင်းပဖို့အတွက် စစ်ကောင်စီက ပြင်ဆင်တဲ့အနေနဲ့ မြေနီကုန်းတံတား ဖြတ်သန်းခွင့်ပိတ်ခဲ့တာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဆိုးဝါးစွာ ဖြစ်ပေါ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ လာမယ့် ၁၂ ရက်နေ့မှာ ကျရောက်မယ့် ပြည်ထောင်စုနေ့ အခမ်းအနားကို ပြည်လမ်း၊ ပြည်သူ့ဥယျာဉ်မှာ ကျင်းပဖို့ စီစဉ်နေပြီး ပြည်လမ်းတလျှောက်မှာ တိုင်းရင်းသားအလံတွေကိုလည်း စိုက်ထူထားတယ်လို့ သိရပါတယ်။
ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပမှာဖြစ်တဲ့အတွက် ပြည်လမ်း၊ မြေနီကုန်းတံတားကိုလည်း ပိတ်ထားUM တခြား သတ်မှတ်ပေးထားတဲ့ နေရာတွေက မောင်းနှင်ဖို့ ကြေညာထားပါတယ်။
ပြည်ထောင်စုနေ့ဟာ ၁၂ ရက်နေ့မှာ ကျရောက်မှာဖြစ်ပေမဲ့ မြေနီကုန်းတံတားကိုတော့ သတ်မှတ်မတိုင်မီ ဒီနေ့ ၉ ရက်နေ့ကတည်းက ဖြတ်သန်းခွင့်ပိတ်ခဲ့တာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဆိုးဆိုးရွာရွား ဖြစ်ပေါ်ခဲ့တာပါ။
စစ်ကောင်စီဟာ လွတ်လပ်ရေးနေ့ မတိုင်ခင်ကလည်း တိုင်းဒေသကြီး ပြည်နယ်ကိုယ်စားပြု အလံတွေကို စိုက်ထူခဲ့ပါသေးတယ်။