Home
မြန်မာသတင်း
ဘီးလင်းမြို့နယ်တွင် စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၉ လုံး ထိခိုက်ပျက်စီး
DVB
·
February 9, 2023
328792346_1217521988855227_677243578963371342_n
328478180_712449397202169_1400874083115080775_n
329024256_1318158989030962_8387112494199003686_n

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူတပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ် မင်းစောကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ နေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကေအန်ယူ သထုံခရိုင်က ထုတ်ပြန်ပါတယ်။

ကေအန်ယူမူတြော်ခရိုင်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီ ကိုးနဝင်းတပ်စခန်းကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက် ညက မင်းစောကျေးရွာထဲကို လက်နက်ကြီး ၉ လုံး ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ၂ လုံးဟာ မင်းစောကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ နေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၇ ရက်ကလည်း ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအနီးပတ်ဝန်းကျင်ကို လေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်ပျက်စီးတာ မရှိဘူးလို့ ကေအန်ယူ သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်က ဘီးလင်း၊ ဘားအံနဲ့ သထုံမြို့နယ်ကို နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူ ၄၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေကို ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

သထုံခရိုင် ကေအန်ယူထိန်းချုပ်နယ်မြေထဲမှာ ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ပစ်ခတ်မှုတွေကို ပိုမို လုပ်ဆောင်လာတာကြောင့် နှစ်ဖက် စစ်ရေး တင်းမာနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တာနဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံ နေအိမ် ၁၅ ထက်မနည်း ပျက်စီးခဲ့တယ်လို့ ကေအန်ယူ ထုတ်ပြန်ချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024