Home
မြန်မာသတင်း
ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ဈေး စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီး
DVB
·
February 9, 2023
329779786_428761089418535_2457792983049549923_n
328628203_708475794139723_8910231204389822218_n
329108029_1275615973169336_4062234998662403988_n

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့စျေးဟာ ဖေဖော်ဝါရီ ၉ ရက် မနေ့ညပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ကပစ်ခတ်တဲ့  လက်နက်ကြီးနဲ့ မီးကျည်တွေကျပြီး မီးလောင် ပျက်စီးသွားတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

မနေ့ညပိုင်းက ကိုးတောင်ဘို့ရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်သလို အလင်းရောင်ရစေဖို့ လေယာဉ်အချက်ပြမီးကျည်တွေ တရစပ်ပစ်ခဲ့တာကြောင့် ဘူတာနားတဝိုက်နဲ့ ဈေးနားမှာ မီးလောင်ခဲ့တာလို့ ဒေသခံ Kotaungbo Revolution KTB-R က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ဈေးတခုလုံးနီးပါး မီးလောင်သွားခဲ့ပြီး ပြည်သူတွေရဲ့ နေအိမ်တချို့လည်း မီးလောင် ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းကလည်း ကိုးတောင်ဘို့ရွာကနေထွက်လာတဲ့ အကြမ်းဖက် စစ်သား အယောက် ၇၀ လောက်ကို ငှက်မွေးတောင်နားမှာ မိုင်းခွဲတိုက်ခိုက်တာကြောင့် အနည်းဆုံး ၇ ယောက် သေဆုံးပြီး တချို့ ဒဏ်ရာရခဲ့ပါတယ်။

သေဆုံး ဒဏ်ရာရသွားတဲ့ စစ်သားတွေကို ကိုးတောင်ဘို့ရွာကို ပြန်သယ်သွားပြီး ညနေဘက်မှာ သင်္ဂြိုဟ်တယ်လို့ ယူဆရကြောင်းလည်း Kotaungbo Revolution KTB-R က ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024