DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် လူငယ်အယောက် ၃၀ ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီး
DVB
·
February 9, 2023
မန္တလေးတွင် လူငယ်အယောက် ၃၀ ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီး
Donate to DVB

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်မှာ ဆိုင်ကယ်စီးလာတဲ့ လူငယ် တယောက်ကို စစ်ကောင်စီတပ်က ကားနဲ့ဖြတ်တိုက် ဖမ်းဆီးပြီးနောက် ၁ ရက်အတွင်း မဟာအောင်မြေမြို့နယ်က လူငယ် အယောက် ၃၀ လောက် ထပ်မံဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖေဖော်ဝါရီ ၇ ရက် ညပိုင်းက မဟာအောင်မြေမြို့နယ် ၄၁ လမ်း၊ ၄၂ လမ်းနဲ့ လမ်း ၉၀၊ ၉၁ လမ်းကြားမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ် တယောက်ကို  စစ်ကောင်စီတပ်က ကားနဲ့ဖြတ်တိုက် ဖမ်းဆီးပြီးနောက် သံလျက်မှော်အနောက်ဘက်ရှိ သပြေညွန့်နဲ့ စံပြရပ်ကွက်က လူငယ် ၁၅ ယောက်လောက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၈ ရက် မနက် ၂ နာရီလောက်ကလည်း သံလျက်မှော်အရှေ့ဘက် ရွှေကူရပ်ကွက်က အိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်​ရောက်စီးနင်းကာ အနည်းဆုံး အမျိုးသား ၄ ယောက်လောက် ဖမ်းဆီးခံလိုက်ရသလို မနက် ၁၀ လောက်ကလည်း အဲဒီအိမ်နဲ့ တအိမ်ကျော်က လူငယ် တယောက်ကို အိမ်စီးကားနဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းနဲ့ တဲကုန်း၊ ကုန်းတန်းမှာလည်း အရပ်ဝတ် ဝတ်ထားတဲ့ စစ်ကောင်စီတပ်သားတွေ ကင်းပတ်နေပြီး ညနေ ၄ နာရီမှာ သံလျက်မှော်အရှေ့ဘက်က လူငယ် နှစ်ယောက် ထပ်မံဖမ်းဆီးခံလိုက်ရတယ်လို့ Voice OF Mandalay ကနေ သိရပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မန္တလေးအခြေစိုက် Mandalay People Rescue မှ ကိုထက်အောင်က “ လူဘယ်နှယောက် ပါသွားလဲတော့ မသိရသေးပါဘူး။ နေရာအတိအကျနဲ့ ဝင်ဖမ်းခံရတာ” လို့ ပြောပါတယ်။

လက်ရှိအချိန်အထိ မန္တလေးမြို့ထဲမှာ စစ်ကောင်စီတပ်က ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးနေပြီး ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေထဲမှာ တော်လှန်ရေးနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ လူငယ်တွေပါ ပါဝင်နေတယ်လို့ Voice Of Mandalay က ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013