Home
မြန်မာသတင်း
စစ်ကောင်စီက ရခိုင်ပြည်နယ်၌ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားအောင်ပြုလုပ်နေ
DVB
·
February 9, 2023
329784809_1303545600507007_2361066939798183250_n
329425458_1593632677730524_2560052667070342911_n
329263212_915479736557114_1402508120442800204_n
328696440_1508262909662679_1586198895873019504_n
329566118_1187970891826985_1888935924473594020_n
329358653_579898650658448_5447498293299279381_n
329466158_707445280931282_6908109223645852159_n
330054404_1468064747059067_4315708330609243391_n
330034436_698948525050012_309605015276813408_n

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်း စစ်ကောင်စီက ရခိုင်ပြည်နယ်ရှိ မြို့နယ်တွေမှာ ပွဲလမ်းသဘင်တွေနဲ့ စည်ကားအောင် ပြုလုပ်နေကြောင်း ရခိုင်ဒေသခံတွေထံက သိရပါတယ်။

စစ်တွေမြို့ဒေသခံ မြို့မိမြို့ဖတဦးက “သူတို့က ရခိုင်မှာ အပစ်ရပ်ပြီး ပျော်ပွဲရွှင်ပွဲတွေ မျိုးစုံကျင်းပပြနေတာ တွေ့ရတယ်။ စစ်တွေမြို့မှာ MSME ထုတ်ကုန်ပြပွဲနဲ့ ရောင်းချပွဲ ပြုလုပ်တာ နှစ်ခါတောင်ရှိနေပြီ။ နောက်ပြီး စင်တင်တေးဂီတပွဲတွေ ချတာလည်း များနေတယ်။ စစ်တွေမှာ တခါမှမလုပ်ဘူးတဲ့ တပို့တွဲလ ထမနဲပွဲထိုးပြိုင်ပွဲကိုတောင် မစည်ကားရင် စည်ကားအောင် လုပ်ဆောင်နေတာ တွေ့ရတယ်ဗျ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် MSME ထုတ်ကုန်ပြပွဲနဲ့ ရောင်းချပွဲကို စစ်တွေမြို့ ခိုင်သဇင်ပန်းခြံမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ၃ ရက်ကျင်းပခဲ့ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်ကလည်း စစ်တွေမြို့ လောကနန္ဒာပုထိုးတော်ဝန်းမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာတွေ စုပေါင်း ထမနဲထိုးပြိုင်ပွဲကို စည်ကားစွာ ကျင်းပခဲ့ပါတယ်။

အခုတခါ ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအဖြစ် ရခိုင်ပြည်နယ် MSME လုပ်ငန်းရှင်များအသင်းက ထုတ်ကုန်ပြပွဲနဲ့ ရောင်းချပွဲအခမ်းအနားနဲ့ စင်တင်တေးဂီတတွေကို စစ်တွေမြို့၊ ဝေသာလီအားကစားကွင်းမှာ ဖေဖော်ဝါရီ ၆ ရက်ကနေ ၈ ရက်နေ့ထိ ၃ ရက်တိုင်တိုင် ကျင်းပနေပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီကြား ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က စတင်ပြီး အပစ်အခတ် ရပ်စဲထားခဲ့ပေမဲ့ စစ်ကောင်စီတပ်ကတော့ စခန်းအသစ်တွေ တည်ဆောက်တာ၊ စစ်ရေးလေ့ကျင့်တာတွေအပြင် လက်နက်ရိက္ခာနဲ့ စစ်သည်အင်အား ဖြည့်တင်းတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

ရခိုင်စစ်ရေးလေ့လာသူတဦးက “သူတို့က ရခိုင်ဒေသကို အပစ်ရပ်ပြထားတယ်။ ပွဲတွေကျင်းပပြီး အာရုံလွှဲနေတာလို့ ယူဆရတယ်။ ရိက္ခာနဲ့ လက်နက်အင်အား၊ လူအင်အားတွေကို နေ့တိုင်းဖြည့်တင်းနေတယ်။ သူတို့ကို ဘယ်လိုမှ ယုံကြည်လို့မရဘူး” လို့ ပြောပါတယ်။

၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် စစ်တွေနဲ့ တခြားမြို့နယ်တွေမှာ စင်တင်ဂီတဖျော်ဖြေပွဲတွေ ပြုလုပ်နေပြီး သံတွဲမြို့ရှိ ဒွါရာဝတီမြို့သစ်ဘောလုံးကွင်းမှာ Music Band နှစ်ဖွဲ့နဲ့အတူ စင်တင်စတိတ်ရှိုးကို ၅ ညတိုင်တိုင် ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ကြောင်း သံတွဲဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024