
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ချယ်ရီလမ်းနဲ့ ၁၇ လမ်းထိပ်မှာ ဖေဖော်ဝါရီ ၇ ရက် မနက်က ထိုးသွင်းဒဏ်ရာတွေနဲ့ အမျိုးသားနှစ်ဦး သေဆုံးနေတယ်လို့ ဒေသတွင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
သေဆုံးသူတွေဟာ ရင်ဘတ်ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်ပြီး သေဆုံးသူ ၂ ဦးရဲ့ အမည်နဲ့ နေရပ်လိပ်စာတွေကို သိရှိနိုင်ဖို့အတွက် လူမှုကူညီရေးအသင်းက လိုက်လံစုံစမ်းနေတယ်လို့လည်း ဆိုပါတယ်။
လူမှုကူညီရေးအသင်း တာဝန်ခံက “လမ်းသွားလမ်းလာတွေ တွေ့လို့ ဆက်သွယ်အကူအညီတ တောင်းရာကနေ အခုလို လာရောက်ကူညီခဲ့တာဖြစ်ပြီး လမ်းမပေါ်မှာတယောက်၊ လမ်းဘေးမှာတယောက် ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
သေဆုံးသူတွေအနားက ဖုန်းတလုံးတွေ့ရှိပြီး လော့ခတ်ထားတဲ့အတွက် တယောက်ယောက်က အခုဖုန်းကို ဆက်သွယ်လာမှသာ မိသားစုနဲ့ အဆက်အသွယ် ရနိုင်မယ်လို့လည်း သေဆုံးသူတွေနဲ့ပတ်သက်ပြီး လာရောက်စစ်ဆေးတဲ့ ရဲဝန်ထမ်းတဦးက ပြောပါတယ်။
လက်ရှိမှာတော့ သေဆုံးသူ ၂ ဦးရဲ့ ရုပ်အလောင်းတွေကို ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို မြိုခံပရဟိတအဖွဲ့က ကူညီပို့ဆောင်ပေးထားပါတယ်။