DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာ၊ တောင်ဒဂုံ၊ မင်္ဂလာဒုံမြို့နယ်များရှိ နွေဦးစံရိပ်မွန် အိမ်ရာစီမံကိန်း NUG ရောင်းချမည်
DVB
·
February 7, 2023
လှိုင်သာယာ၊ တောင်ဒဂုံ၊ မင်္ဂလာဒုံမြို့နယ်များရှိ နွေဦးစံရိပ်မွန် အိမ်ရာစီမံကိန်း NUG ရောင်းချမည်
Donate to DVB

ရန်ကုန်မြို့၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ မင်္ဂလာဒုံမြို့နယ်တွေက နွေဦးစံရိပ်မွန် အိမ်ရာစီမံကိန်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့  စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနကနေ  လာမယ့် ဖေဖော်ဝါရီ ၁၁ ရက်က စတင် ရောင်းချသွားမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

ဒါဟာ NUG အစိုးရက စီမံဆောင်ရွက်နေတဲ့ အာဏာရှင်အဆုံးသတ်နိဂုံး အစီအစဉ်ကနေ Spring Bliss (နွေဦးစံရိပ်မွန်) အဖြစ် ဆက်လက်ပြီးတော့ တော်လှန်ရေးရဲ့ အထူးလိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေ အမြန်ဖြည့်ဆည်းနိုင်ဖို့ ရောင်းချတာဖြစ်တယ်လို့ ဆိုပါတယ်။

Spring Bliss (နွေဦးစံရိပ်မွန်) စီမံကိန်းမှာတော့ မြို့နယ် ၃ ခုလုံးက အခန်းပုံစံတွေကို Studio၊ 1-Bedroom အခန်း၊ 2-Bedroom အခန်း၊ 3-Bedroom အခန်းဆိုပြီး အမျိုးအစား သတ်မှတ်ထားပြီး အခန်းဈေးနှုန်း တွေအနေနဲ့ တခန်းကို အမေရိကန်ဒေါ်လာ ၄,၄၀၀၊ ၆,၆၀၀၊ ၈,၈၀၀ နဲ့ ၁၁,၄၀၀ စီ အသီးသီးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

Spring Bliss -1 (နွေဦးစံရိပ်မွန် - ၁) လှိုင်သာယာကတော့ လှိုင်မြစ်ကမ်းနဲ့ တစ်ခေါ်စာ အကွာအဝေး၊ ဘုရင့်နောင်တံတားအဆင်း ဘယ်ဖက်၊ FMI City နဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိပြီး Spring Bliss - 2 (နွေဦး စံရိပ်မွန် - ၂) တောင်ဒဂုံက အမှတ်(၂) လမ်းမကြီးနဲ့ ကျန်စစ်သားလမ်းဒေါင့်မှာ တည်ရှိနေတာဖြစ်ကာ Spring Bliss - 3 (နွေဦးစံရိပ်မွန် - ၃) မင်္ဂလာဒုံကတော့ မြို့တော်ဂေါက်ကွင်းဘေး ဆိတ်ငြိမ်အေးချမ်းတဲ့ နေရာမှာ တည်ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း ရန်ကုန်မြို့က ရဲရင့်နွေဦးကွန်ဒို တိုက်ခန်းတွေကို NUG အစိုးရက စတင်ရောင်းချခဲ့ရာမှာ နာရီပိုင်းအတွင်း အခန်းအားလုံး ရောင်းကုန်ခဲ့တယ်လို့ NUG ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောထားပါတယ်။

ဒီမတိုင်ခင်ကလည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အမှတ် ၁၄၊ အင်းယားလမ်း နေအိမ်ကို အပြီးသတ် ရောင်းချနိုင်ခဲ့ပြီး ဒုတိယပရောဂျက်အဖြစ် ရန်ကုန်မြို့ ၆ မိုင်ခွဲ Inya View နေရာကိုလည်း ရောင်းချခဲ့တာဖြစ်ကာ ရန်ကုန်မြို့က နွေဦးရိပ်မွန်-မင်းဓမ္မနဲ့ နွေဦးမော်ကွန်းသစ်စီမံကိန်း-သံသုမာတွေ၊ မန္တလေးမြို့က နွေဦးမန္တလေး ပြည်တော်ဝင်စီမံကိန်း Spring Mandalay Investment တွေကိုလည်း ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာရှင်အဆုံးသတ်နိဂုံး The End of Dictatorship-EOD အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့ အဆောက်အအုံတွေ၊ စစ်ကောင်စီခေါင်းဆောင်တွေ မတရားပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေတွေကို တခုပြီးတခု ကြိုပွိုင့်နဲ့ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေကိုလည်း ဆက်လက်ရှာ ဖွေသွားမယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013