Home
မြန်မာသတင်း
လွိုင်ကော်မြို့နယ်၌ အရပ်သားများစီးနင်းလာသည့်ကား မိုင်းနင်းမိပြီး လူ ၄ ဦးသေ၊ ၂ ဦးဒဏ်ရာပြင်းထန်
DVB
·
February 6, 2023
Car Mine Loikaw 1
328266322_625277539605584_8681664170036885680_n
329572223_1400719830702693_4187075652757800209_n
328474091_559748162543120_6410134777091535703_n

ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဇရပ်ဖြူလမ်းမှာ ဖေဖော်ဝါရီ ၆ ရက် ဒီကနေ့ မွန်းလွဲပိုင်းက  အရပ်သားတွေလိုက်ပါလာတဲ့ ကားတစီး မိုင်းနင်းမိပြီး လူ ၄ ဦး သေဆုံးကာ ၂ ထိဒဏ်ရာပြင်းထန်တဲ့အကြောင်း သွားရောက်ကူညီပေးတဲ့ ရွှေလွိုင်ကော် ပရဟိတအဖွဲ့ဆီက သိရပါတယ်။

ဇရပ်ဖြူသွားတဲ့လမ်းမှာ မိုင်းတလုံးထိတာဖြစ်ပြီး ကားနဲ့ လူရော၊ ပစ္စည်းတွေပါ တစစီလွှင့်စဉ်ခဲ့ပါတယ်။

အဆိုပါကားဟာ လွိုင်ကော်ကနေ မော်ချီးဘက်ကို အလုပ်သွားလုပ်ဖို့သွားတဲ့ ကားဖြစ်ကြောင်း ရွှေလွိုင်ကော် ပရဟိတအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

“လူ ၆ ယောက်ပါတာ၊ ၄ ယောက်သေတယ်ဗျာ။ လွိုင်ကော်ကနေတက်တဲ့ကားဗျာ။ သူတို့မော်ချီးမှာ အလုပ်သွားလုပ်မယ့်လူတွေလို့ ထင်တာပဲဗျာ။ ဒါပေမဲ့ လွိုင်ကော်က လူတွေတော့မဟုတ်ဘူး။”

အဆိုပါလမ်းဟာ တိုက်ပွဲဖြစ်ဖို့အခြေအနေများတဲ့အတွက် လူသွားလူလာနည်းတဲ့လမ်းဖြစ်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေက မသွားလာဖို့ ပိတ်ထားတဲ့လမ်းဖြစ်တယ်လို့ ဒီးမော့ဆို ဒေသခံ တဦးက ပြောပါတယ်။

“လွိုင်ကော်ကနေလာတာ လမ်းပိတ်တာ သူတို့မသိပုံရတယ်။ ကားလမ်းက ပိတ်ထားတာ တော်တော်ကြာပြီ။ မိုးဗြဲလမ်းလည်း မနေ့ကဆိုရင် ပိတ်သွားပြီလို့ပြောတယ်။ လမ်းပိတ်တဲ့အချိန်မှာ အဲဒီနေရာမှာရှိတဲ့ တပ်ကတပ်ပြန်ဆုတ်သွားတဲ့နေရာဆိုတော့ မတော်လို့ တပ်က ထောင်ခဲ့တာလား။”

လွိုင်ကော်ကနေ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းနဲ့ မယ်စဲတွေအထိ ဆက်သွယ်ထားတဲ့ လမ်းတွေကို အခုရက်ပိုင်းတွေက တော်လှန်ရေးအဖွဲ့တွေက ပိတ်ထားပြီး အကန့်အသတ်နဲ့ သွားဖို့စာတွေ ထုတ်ပြန်ထားပါတယ်။

မနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ညမှာလည်း ရှမ်းကယားနယ်စပ်၊ လွိုင်ကော်မြို့နယ် ဝါရီကောခူကျေးရွာက စစ်ကောင်စီစစ်ကြောင်း ထိုးလာတဲ့သတင်းကြောင့် ဒေသခံတွေ ညဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၂ ရက်ကလည်း ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ရှောင်စခန်းတခုကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စခန်းမီးလောင်ခဲ့ပါတယ်။

ကရင်နီ(ကယား)ပြည်နယ်ရှိ ၄ မြို့နယ် ဖြစ်တဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ နဲ့ ရှားတောမြို့နယ်တွေကို   စစ်ကောင်စီက ဖေဖော်ဝါရီ ၃ ရက်နေ့မှာ  စစ်အုပ်ချုပ်ရေး (Martial Law)  ကြေညာထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024