DVB Logo
Home
မြန်မာသတင်း
စစ်တပ်က တလအတွင်း ကလေး ၁၀ ဦး၊ သံဃာ၊ သာသနာပြု ၄ ဦးအပါအဝင် ပြည်သူ ၁၀၀ ကျော်ကို သတ်ဖြတ်
DVB
·
February 6, 2023
စစ်တပ်က တလအတွင်း ကလေး ၁၀ ဦး၊ သံဃာ၊ သာသနာပြု ၄ ဦးအပါအဝင် ပြည်သူ ၁၀၀ ကျော်ကို သတ်ဖြတ်
1 / 3
Donate to DVB

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ လတာအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက အရွယ်မရောက်သေးတဲ့ ကလေးသူငယ် ၁၀ ယောက်နဲ့ သံဃာ၊ သာသနာပြု ၄ ယောက် အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၁၁၆ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

NUG အစိုးရ၊ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ ဦးစီးဌာနအနေနဲ့ စစ်အာဏာသိမ်းမှုဖြစ်စဉ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့အမှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ အပါအဝင် အရပ်ရပ်သော ဥပဒေဆိုင်ရာ ချိုးဖောက်မှုတွေကို စာရင်းကောက်ယူ မှတ်တမ်းပြုစုနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီလိုကျူးလွန်ချိုးဖောက်မှုတွေအပေါ် အမှန်တရားရှာဖွေဖော်ထုတ်တာ၊ တရားမျှတမှု ရရှိအောင် ဆောင်ရွက်တာ၊ ပြန်လည်ကုစားပေးတာ၊ ဖြစ်ရပ်ဆိုးတွေ ထပ်မံမဖြစ်ပွားစေရေးအတွက် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲတာတွေ စတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဆောင်ရွက်နိုင်ဖို့ စီမံနေတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁ လတာအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်ခဲ့တဲ့ အရပ်သားပြည်သူ အယောက် ၁၀၀ ကျော်ထဲမှာတော့ အမျိုးသမီးဦးရေ ၂၄ ယောက် ပါဝင်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေထဲမှာတော့ စစ်ကိုင်းတိုင်းက အယောက် ၈၀ နဲ့ အများဆုံး သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူအရေအတွက်ကတော့ ၃၇ ယောက် ရှိခဲ့ပြီး ပြည်သူ ၉၅ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရကာ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ အရပ်သားနေအိမ် အလုံးရေ ၅,၀၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြည်သူတွေ၊ တော်လှန်ရေးအစုအဖွဲ့တွေ၊ အဖွဲ့အစည်းတွေအနေနဲ့ အာဏာသိမ်းဖြစ်စဉ် အတွင်း  ဖြစ်ပွားနေတဲ့ ပြစ်မှုကျူးလွန်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် မှတ်တမ်းတွေကို NUG အစိုးရ၊ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ ဦးစီးဌာနဆီ ပေးပို့နိုင်ပြီး ပူးပေါင်းပါဝင်ပေးကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းလာနေခဲ့ပြီး လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013