DVB Logo
Home
မြန်မာသတင်း
မိုင်းမတော်တဆဖြစ်ပြီး မျက်ကြည်လွှာခွဲစိတ်ရမည့် မြိုင် PDF ရဲဘော် အကူအညီ လိုအပ်နေ
DVB
·
February 6, 2023
မိုင်းမတော်တဆဖြစ်ပြီး မျက်ကြည်လွှာခွဲစိတ်ရမည့် မြိုင် PDF ရဲဘော် အကူအညီ လိုအပ်နေ
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မိုင်းမတော်တဆဖြစ်ပြီး မျက်ကြည်လွှာ ခွဲစိတ်ကုသရမယ့် PDF ရဲဘော်တယောက်အတွက် ငွေကြေးအကူအညီတွေ လိုအပ်နေတယ်လို့ စကြာ ဒေသကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။

မြိုင်မြို့နယ်အတွင်းကို ဇန်နဝါရီ ၂၉ ရက်မှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာလို့ မိုင်းသွားဆင်တဲ့အချိန်မှာ မတော်တဆပေါက်ကွဲပြီး ရဲဘော်ဝေကြီးရဲ့ မျက်လုံး ၂ ဖက်စလုံး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စကြာ-ဒေသကာကွယ်ရေးတယ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်စကြာက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိတဲ့ ဘယ်ဘက်မျက်လုံးတဖက်ကတော့ လုံးဝမမြင်ရတော့ဘဲ နောက်ထပ် ညာဘက်မျက်လုံးတဖက်ကတော့ မှုန်ဝါးဝါးပဲ မြင်ရတယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ရဲဘော်ဝေကြီးကို အိန္ဒိယနိုင်ငံက ဆေးရုံတခုကို ပို့ဆောင်ထားရပြီး အမြင်အာရုံ ပြန်လည်ရရှိနိုင်ဖို့ မျက်ကြည်လွှာ ခွဲစိတ်ကုသရမှာဖြစ်ပြီး မြန်မာငွေ ကျပ်သိန်း ၁၀၀ ဝန်းကျင်လောက် ကုန်ကျနိုင်တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၅ ရက်ကလည်း လက်နက်ခဲယမ်းထုတ်လုပ်နိုင်ဖို့ ယမ်းကြိုချက်ရာကနေ မတော်တဆဖြစ်ပြီး ရဲဘော် ၂ ယောက် မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရရှိသူ ၂ ယောက်အနက် တယောက်က အပြင်းအထန်ဒဏ်ရာရှိပြီး တယောက်က သာမန်ဒဏ်ရာရရှိခဲ့ကာ သူတို့ ၂ ယောက်ကိုတော့ ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးခဲ့လို့ ဒဏ်ရာသက်သာနေပြီလို့ ဗိုလ်စကြာက ပြောပါတယ်။

စကြာ- ဒေသကာကွယ်ရေးတပ်ဖွဲ့မှာ ရန်ပုံငွေ လုံလောက်မှုမရှိတာကြောင့် မျက်ကြည်လွှာ ခွဲစိတ်ကုသရမယ့် လူနာအတွက် မိဘပြည်သူတွေအနေနဲ့ မိမိတို့ တတ်နိုင်သရွေ့ ထောက်ပံလှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံ အကူအညီတောင်းခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013