
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေတဲ့အတွက် ရေသန့်စက်ရုံမှာ ရေသန့်ထုတ်လုပ်မှုတွေ အခက်အခဲဖြစ်နေတယ်လို့ ရေသန့်လုပ်ငန်း လုပ်ကိုင်သူက ပြောပါတယ်။
ရေသန့်စက်က မီးအား ၂၂၀ ဗို့ အဝင်ရမှ ထုတ်လို့ရတဲ့အတွက် မီးစက်နဲ့ လုပ်ကိုင်ရာမှာလည်း အခက်အခဲတချို့ရှိတယ်လို့ ဆိုပါတယ်။
ပုံမှန်မီးလာချိန်မှာ တနေ့ကို ရေသန့်ဘူး အရေအတွက် ၃၀၀ ကျော် ထုတ်နိုင်ပြီး လျှပ်စစ်မီး မလာတဲ့အချိန် မီးစက်နဲ့ ရေသန့်စင်ရင်တော့ တနာရီကို ဘူးအရေအတွက် ၁၂၀ လောက်ပဲ ထုတ်လုပ်နိုင်တာကြောင့် အမြတ်မကျန်ဘူးလို့လည်း ပြောပါတယ်။
သောက်ရေသန့်စက်ရုံလုပ်ငန်းက အသေးစားလုပ်ကိုင်တာဖြစ်ပြီး မီးမလာတဲ့အပြင် တခြားကုန်ကျစရိတ်တွေဖြစ်တဲ့ ဝန်ထမ်းလစာနဲ့ ကားဆီဖိုးတွေအတွက်ပါ ကုန်ကျနေတာကြောင့် အခုလို အခက်အခဲဖြစ်နေပြီး လက်ရှိ မိုးကုတ်မြို့မှာ ရေသန့်လုပ်ငန်း လုပ်ကိုင်သူ ၅ ခုရှိကာ လုပ်ငန်းနာမည်မပျက် မိတ်မပျက်အောင် ကြိုးစားထုတ်လုပ်နေကြရတယ်လို့လည်း သိရပါတယ်။