Home
သတင်းဓာတ်ပုံ
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က အစည်ကားဆုံး ပန်းပွဲတော် (ဓာတ်ပုံ)
DVB
·
February 6, 2023
329563733_876487366886688_1801248464792207269_n
329215886_844971953233049_2287692410267979495_n
328734605_584517413543141_2759754005536593334_n
328147807_712510146943803_4890411166158661519_n
328127868_550180420393275_2048733967660407513_n
327893700_1893107587693150_1040242610899825906_n
321959664_568767331820165_396450679200819166_n

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ နှစ်စဉ်ကျင်းပနေကျ ၄၆ ကြိမ်မြောက် အခမ်းနားဆုံး ပန်းပွဲတော်ကို ဖေဖော်ဝါရီ ၃ ရက်ကနေ ၁၅ ရက်အထိ ချင်းမိုင်မြို့၊ ကျုံးထောင့်ရှိ Nong Buak Haad ပန်းခြံမှာ ကျင်းပနေပါတယ်။

ဒီပန်းပွဲတော်ဟာ ချင်းမိုင်မြို့ရဲ့ အထင်ကရဖြစ်ပြီး ပွဲတော်အတွင်း စျေးရောင်းပွဲတော်၊ ပန်းအရောင်းပြခန်းတွေ၊ အလှဆင်ထားတဲ့ ပန်းရုပ်တုတွေနဲ့ ကျုံးဘေး ပန်းခြံအနီး လမ်းမတလျှောက် ပန်းအလှပြကားတွေ ခမ်းခမ်းနားနား ပြသထားပါတယ်။  

ချင်းမိုင်ပန်းပွဲတော်ကို နှစ်စဉ် ဖေဖော်ဝါရီလ ပထမပတ်ထဲ ကျင်းပလေ့ရှိရာ ကမ္ဘာလှည့် ခရီးသွားတွေနဲ့ ပြည်တွင်းခရီးသွားတွေ အများဆုံး လာရောက်ကြပါတယ်။ ပန်းပွဲတော်ကို ဖေဖော်ဝါရီ ၃ ရက်ကနေ ၅ ရက်အထိ ၃ ရက်တာ ကျင်းပမယ် ကြေညာထားပေမယ့် ခရီးသွားတွေ စိတ်ဝင်စားမှုများတာကြောင့် ဖေဖော်ဝါရီ ၁၅ ရက်အထိ ပြသဖို့ တိုးချဲ့လိုက်တာပါ။ 

ဒီပန်းပွဲတော်ကို ချင်းမိုင်စည်ပင်ဌာနကဦးစီး ကျင်းပတာဖြစ်ပြီး၊ အများပြည်သူ အပန်းဖြေရာ ပန်းခြံမှာ ဝင်ကြေးက အခမဲ့ပါ။ 

အရောင်အသွေးစုံတဲ့ ချင်းမိုင်ပန်းပွဲတော်ကို ၁၉၇၇ ခုနှစ်မှာ စတင်ကျင်းပခဲ့တာ ဒီနှစ်မှာ ၄၆ ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။

သတင်း/ဓာတ်ပုံ - ဇွဲသစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024