DVB Logo
Home
မြန်မာသတင်း
မြန်မာ-တရုတ်နယ်စပ်တွင် ပိတ်မိနေသည့် ဖရဲ၊ သခွားကားများ လမ်းပြန်ပွင့်
DVB
·
February 6, 2023
မြန်မာ-တရုတ်နယ်စပ်တွင် ပိတ်မိနေသည့် ဖရဲ၊ သခွားကားများ လမ်းပြန်ပွင့်
Donate to DVB

မြန်မာ-တရုတ် အဓိကကုန်သွယ်ရာ ဂိတ်ဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ကျင်စန်းကျော့ - ဝမ်တိန် နှစ်နိုင်ငံနယ်စပ်ဂိတ် တရုတ်ဘက်ခြမ်းက အကောက်ခွန်ဌာနမှာ စစ်ဆေးမှု ကြန့်ကြာလို့ပိတ်မိနေတဲ့ မြန်မာ့ ဖရဲ၊ သခွား ပို့ကုန်ကားတွေ ဇန်နဝါရီ ၅ ရက် ညနေပိုင်းမှာ လမ်းပြန်ပွင့်ပြီဖြစ်ကြောင်း ကုန်သည်လုပ်ငန်းရှင်တွေနဲ့ ကားသမားတွေဆီက သိရပါတယ်။ 

မူဆယ် ၁၀၅ မိုင် သစ်သီးကုန်စည်ဒိုင် တာဝန်ရှိသူ တဦးက  "လမ်းပိုင်းပွင့်သွားပါပြီ။ ဒီနေ့ အစီးရေ ၁၀၀ ခန့်ဝင်နိုင်ခြေရှိပါတယ်။ နောက်နေ့တွေ မပိတ်တော့ပါဘူး။ ကားတွေ အလှည့်ကျ ရောင်းလိုအားနဲ့ ချိန်ညှိပြီးလွှတ်မယ်" လို့ ပြောပါတယ်။

တရုတ်ဘက်အဝင်ဂိတ်မှာ တရုတ်အကောက်ခွန်က စစ်ဆေးမှု ကြန့်ကြာပြီး ပိတ်ဆို့မှုကြောင့် အဝင်ခက်နေကာ မြန်မာဘက်မှာ ဖရဲ၊ သခွား ကား အစီးရေ ၅၀၀ ကျော် စောင့်ဆိုင်းနေရတာ ဖြစ်တယ်လို့ ပြောပါတယ်။ 

တရုတ်ဘက် ဝမ်တိန်သစ်သီး အရောင်းကွင်းမှာတော့ ဝယ်လိုအား ကောင်းသလောက် အသီးအဝင်က ဒီရက်ပိုင်း အစီး ၂၀၊ ၃၀ သာရှိတာကြောင့် တရုတ်ဘက် ရောင်းကွင်း အရောင်းစင်မှာ အသီးပြတ်နေတာလို့ ဆိုပါတယ်။ 

သစ်သီး ပို့ကုန် လုပ်ငန်းရှင် တဦးက "ဒီနေ့ ကုန်သွယ်မှုကတော့ အစီးရေ အနည်းဆုံး ၈၀ နဲ့ ၁၀၀ ကြား ဝင်ပါတယ်နော်။ ဒီနေ့ ညနေ။ ဒီမနက်ကစ ပြီးတော့ အဲဒီလောက် ဝင်ပါတယ်"လို့ ပြောပါတယ်။ 

ယခင်ပုံမှန် တစ်ရက်ကို ဖရဲ၊ သခွားကား ပျမ်းမျှ အနည်းဆုံး အစီး ၇၀ ဝန်းကျင် တင်ပို့ရာကနေ စနစ်အပြောင်းအလဲကြောင့် စစ်ဆေးမှု နှောင့်နှေးလို့ တစ်ရက်ကို အစီး ၂၀၊ ၃၀ သာ တရုတ်ဘက်ထဲ ဝင်နိုင်လို့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ အရှေ့မြောက်တံခါး အများပိုင်ကုမ္ပဏီ သစ်သီးကွင်းနဲ့ အောက်ဘက် ကျင်စန်းကျော့မှာ ဖရဲ၊ သခွားကား အစီးရာချီ ပိတ်မိနေတာဖြစ်ပြီး ကုန်သည်၊ ကားသမားတွေ များစွာအခက်အခဲ ဖြစ်ကြရကြောင်း သစ်သီး ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။ 

ဒီနေ့ ဖေဖော်ဝါရီလ ၅ ရက်မှာတော့  ဖေဖော်ဝါရီ ၂ ရက်အထိ ဖရဲ၊သခွား ကားအစီးရေ ၁၃၀ ခန့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ရွှေလွယ်အင်ကွင်းဘက်ကို ဆင်းလို့ ရကြောင်း ဖရဲ ကုန်တင် ယာဉ်မောင်း တဦးက ပြောပါတယ်။ 

"ဝမ်တိန်ထဲ အဝင်မြန်ရင်တော့ မနက်ဖြန် ၃ ရက်နေ့ ရက်စွဲ ကားတွေပါ ဆင်းရမယ်" 

ဖေဖော်ဝါရီ ၅ ရက် တရုတ်ဘက် သစ်သီး အရောင်းကွင်းမှာ ဖရဲ 855  ၁ ကီလိုဂရမ်ကို ၃ ဒသမ ၅ ယွမ်မှ ၄ ယွမ်အထိ၊ သခွားမွှေးက ၁ ကီလိုဂရမ်ကို ၄ ဒသမ ၅ ယွမ်မှ ၅ ဒသမ ၈ ယွမ် အထိ ဈေးရကြောင်း သစ်သီး ပို့ကုန်လုပ်ငန်းရှင်တွေ ဆီက သိရပါတယ်။ 

ဈေးပြန်ရလာပေမယ့် ပြန်လည်ကြန့်ကြာလာတဲ့ လမ်းပိုင်းကြောင့် အသီးတွေ လတ်ဆတ်မှု အားနည်းပြီး ပယ်သီးများ ပါလာတဲ့အပြင် ဈေး တက်သင့်သလောက် တင် မရောင်းနိုင်တော့ဘူး လို့ ဆိုပါတယ်။

လက်ရှိမှာ တရုတ်ငွေနဲ့ မြန်မာငွေ လဲလှယ်နှုန်းမှာ ၁ ယွမ်ကို မြန်မာငွေ ၄၁၅ နဲ့ ၄၂၀ ကျပ် ဝန်းကျင် ရှိပါတယ်။ 

ဇန်နဝါရီ ၃၀ ရက်ကစပြီး မူဆယ် ကျင်စန်းကျော့ - ဝမ်တိန် နှစ်နိုင်ငံ ကုန်သွယ်ရာဂိတ် တရုတ်ဘက်ခြမ်းက အကောက်ခွန်ဌာနမှာ Border Trade Level 1.0 စနစ် ကနေ Border Trade Level 2.0 စနစ်သို့ အဆင့်မြှင့်တင် စနစ် ပြောင်းနေတာကြောင့် စစ်ဆေးမှု ကြန့်ကြာနေပြီး မြန်မာဘက်က ဖရဲ၊ သခွားကားတွေ တရုတ်ဘက် အဝင်နည်းနေခဲ့တာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013