DVB Logo
Home
မြန်မာသတင်း
ရခိုင်စစ်ရှောင်များ နေရပ်ပြန်ရေး ကြိုးပမ်းပေးမည်ဟု ဒေါက်တာဆာဆာကာဝါပြော
DVB
·
February 5, 2023
ရခိုင်စစ်ရှောင်များ နေရပ်ပြန်ရေး ကြိုးပမ်းပေးမည်ဟု ဒေါက်တာဆာဆာကာဝါပြော
Donate to DVB

ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်များ မူလနေရပ်ပြန်နိုင်ဖို့ ကြိုးပမ်းပေးမယ်လို့ ရခိုင်ပြည်နယ်ကို ဖေဖော်ဝါရီ  ၄ ရက်မှာ တတိယအကြိမ်ရောက်ရှိလာတဲ့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ‌ဒေါက်တာ ဆာဆာကာဝါက ပြောကြောင်း မြောက်ဦးစစ်ဘေးရှောင်ဒုက္ခသည်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၄ ရက် နေ့လယ်ပိုင်းမှာ မြောက်ဦးမြို့နယ်က စစ်ဘေးရှောင်စခန်းတွေကို သွားရောက်ပြီး စစ်ဘေးရှောင်ဒုက္ခသည်တွေကို နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ‌ဒေါက်တာဆာဆာကာဝါက ပြောကြားခဲ့တာလို့ ဆိုပါတယ်။

မြောက်ဦးစစ်ဘေးရှောင်တဦးက "သူကတော့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို အခုလို တွေ့မြင်ရတာ အလွန်စိတ်ထိခိုက်မိတယ်လို့ ပြောတယ်။ သူလည်း စစ်ပွဲထဲက အသက်ရှင်လာ ရတဲ့ အတွေ့အကြုံတွေကို ပြောပြတယ်။ သူအနေနဲ့ နှစ်ဖက် လက်နက်ကိုင်အဖွဲ့တွေကို ဒုက္ခသည်တွေနေရပ်ပြန်နိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားပေးသွားမယ်လို့ ပြောသွားတယ်" လို့ ပြောပါတယ်။

ဒေါက်တာဆာဆာကာဝါဟာ ဒုတိယကမ္ဘာစစ်အတွင်းက သူ့မိခင်နဲ့အတူ စစ်ဒဏ်ကို ခါးသီးကြောက်ရွံ့စွာ ခံစားခဲ့ကြရ​ပြီး သူရဲ့ မျက်စိရှေ့မှာ  တောင်ပုံရာပုံ သေကြေသွားခဲ့ရတဲ့  လူသေအလောင်းတွေကို မျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့ဖူးကြောင်း ပြောခဲ့တယ်လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။

စစ်ဘေး​ရှောင် တဦးက “သူက ဒုတိယကမ္ဘာစစ်တုန်းကစစ်ကြောက်ရွံ့မှုကို အတော်လေး ခံစားခဲ့ရတယ်လို့ ပြောတယ်။ သူရှေ့မှာတင် လူတွေအများကြီး တောင်ပုံရာပုံ သေခဲ့ရတယ်လို့ပြောတယ်။ သူတို့ သားအမိ နှစ်ယောက်သေပြီလို့ မှတ်ထားခဲ့တဲ့ကြားက အသက်ရှင်ခွင့်ရလာခဲ့တာတဲ့။ ပြီးတော့ ထမင်းစားစရာမရှိလို့ မြက်ကို အရည်ကြိုပြီး အသက် ဆက်ခဲ့ရတယ်လို့ သူရှင်းပြတယ်။ အဲဒါကြောင့် စစ်ဘေးဒုက္ခသည်တွေအနေနဲ့ စိတ်ဓာတ်မကျဖို့ သူကပြောခဲ့တယ်”လို့ ​ပြောပါတယ်။

ဒေါက်တာဆာဆာကာဝါ ဦးဆောင်တဲ့ နီပွန်ဖောင်‌ဒေးရှင်းဟာ ရခိုင်ရှိ စစ်ဘေးရှောင်များအား ဆန်ရိက္ခာများ ထောက်ပံ့ပေးထားပြီး အခုတကြိမ်မှာတော့ စစ်ဘေးရှောင်တွေကို စောင်တထည်စီ ထောက်ပံ့ပေးခဲ့ပါတယ်။ 

ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ရပ်တန့်ဖို့ ဒေါက်တာ ဆာဆာကာဝါက ကြားဝင် ညှိနှိုင်းပေးခဲ့မှုကြောင့် လက်ရှိအချိန်အထိ ရခိုင်ပြည်တွင်း တိုက်ပွဲတွေ ရပ်တန့်နေ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013