Home
သတင်းဓာတ်ပုံ
ယင်းမာပင်မြို့နယ်ရှိ ဒုက္ခရောက်နေသည့် ပြည်သူများအတွက် ရိက္ခာနှင့်ပစ္စည်းများလှူဒါန်း (ဓာတ်ပုံ)
DVB
·
February 5, 2023
328830524_719250669858617_6840077259115128844_n
328259258_720786816094508_2362310227275290080_n
328244007_733703228314458_3877365844620993331_n
328238500_574761884513343_5008296816448595985_n
327844731_639659157920183_7682202879871476574_n

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ၊ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် မီးရှို့ဖျက်ဆီးခံရတဲ့ လူနေအိမ်ခြေ ၈၀ က မိသားစုတွေအတွက် ဆန်၊ဆီနဲ့  မီးဖိုချောင်သုံးပစ္စည်းတွေကို  အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းမှာ လှူဒါန်းခဲ့ပါတယ်။

ဒုက္ခရောက်နေတဲ့ မိသားစုတွေအတွက် တအိမ်ထောင်လျှင် ဆန် ၂ ပြည်၊ ဆီ ၅၀ သား၊ ဒန်အို ၁ လုံး၊ ဒယ်အိုး ၁ လုံး၊ ဇလုံ ၃ လုံး၊ ဇွန်း ၃ချောင်း၊ ကြွေအုပ် ၁ လုံး၊ ဖလား၁လုံးနဲ့ ရေခွက် ၁ လုံးနှုန်း လှူဒါန်းခဲ့တာလို့ဆိုပါတယ်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက “ကျနော်တို့အဖွဲ့အနေနဲ့ မီးရှိ့ခံလိုက်ရတဲ့ ပြည်သူတွေအတွက် ဆက်လက်ကြိုးစားနေပါတယ်။ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း စည်းလုံးမှုရှိရှိနဲ့ ပြည်သူတွေကို ကူညီပေးစေလိုပါတယ်"လို့ ပြောပါတယ်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့အနေနဲ့ ပြည်တွင်းနဲ့ ပြည်ပက အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး  ပဉ္စမအကြိမ်အဖြစ် လှူဒါန်းတာလည်းဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024