DVB Logo
Home
မြန်မာသတင်း
လှိုင်မြို့နယ် ၃ ရပ်ကွက်တွင် ရာအိမ်မှူးအပါအဝင် ၂ ဦး ပစ်ခတ်ခံရ
DVB
·
February 4, 2023
လှိုင်မြို့နယ် ၃ ရပ်ကွက်တွင် ရာအိမ်မှူးအပါအဝင် ၂ ဦး ပစ်ခတ်ခံရ
Donate to DVB

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၃ ရပ်ကွက် ဘုရင့်နောင် ၁၀လမ်းရှိ ထမင်းကြော်ဆိုင်မှာ ဒီနေ့ မနက် ၆ နာရီက ရာအိမ်မှူးတဦး နဲ့ အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

မနက်အစောပိုင်း ထမင်းကြော်ဆိုင်ကို ဆိုက်ကားနဲ့ရောက်လာပြီး ရောင်းချဖို့ ပြင်ဆင်နေစဥ် ပစ်ခတ်ခံရတာဖြစ်ပြီး အသံသာကြားပြီး ဖြစ်စဥ်ကို မြင်တွေ့သူမရှိဘူးလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

"၆ နာရီဆိုတော့ အပြင်မှာလူသိပ်မရှိဘူး လူတွေကတော့ နိုးနေကြပြီ။  သေနတ်သံကြားရတယ်၊ နှစ်ချက်။ နောက်တော့ မကြာဘူး လူနာတင်ယာဥ်တွေ ရောက်လာတယ်။ ရဲတွေရော၊ စစ်သားတွေပါ ရောက်လာတယ်" လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရသူမှာ ဦးမင်းဇော်နဲ့ နောက်တဦးက ဆိုက်ကားနင်းတဲ့ အမျိုးသားဖြစ်ပြီး လက်တလောမှာ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

"ဆိုက်ကားနင်းတဲ့သူ လိုက်ပို့ပြီး ခဏထိုင်နေတဲ့အချိန် ပစ်တာဖြစ်မယ်၊ အမှန်က ရာအိမ်မှူးကို ပစ်တာ ရောပြီးထိသွားတာဖြစ်မယ်၊ ရာအိမ်မှူးကတော့ အခြေအနေစိုးရိမ်ရတယ်။"

မနေ့ကလည်း ရန်ကုန်တိုင်း ခရမ်းမြိုနယ် ရေပေါ်ကန်ကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတဦးနဲ့ လှိုင်မြို့နယ် ၁ ရပ်ကွက်က အရန်မီးသတ်တပ်ဖွဲ့ဝင်တဦး ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့ပါတယ်။

ဇန်နဝါရီ ၁ လအတွင်း ရန်ကုန်တိုင်း မြို့နယ်အချို့မှာ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် ဗိုလ်မှူး ၃ ဦးအပါအဝင် ၉ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013