DVB Logo
Home
မြန်မာသတင်း
KNU ထိန်းချုပ်နယ်မြေ မြို့နယ် ၃ ခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးသတ်မှတ်
DVB
·
February 3, 2023
KNU ထိန်းချုပ်နယ်မြေ မြို့နယ် ၃ ခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးသတ်မှတ်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ ၃ ခုဖြစ်တဲ့ ကရင်ပြည်နယ်အတွင်းက ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ မွန်ပြည်နယ်အတွင်းက ရေး(ဝင်းရေး)မြို့နယ်တွေကို စစ်ကောင်စီက Martial Law စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ဖေဖော်ဝါရီ ၂ ရက်နေ့က သတ်မှတ်လိုက်ပါတယ်။

တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီတပ်တွေက နယ်မြေကျော်ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားနေတဲ့အတွက် KNLA၊ KNDO၊ ကော်သူးလေတပ်မတော်နဲ့ PDF မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ နေ့စဉ် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြို့နယ် ၃ မြို့နယ်ကို အခုလို  Martial Law စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကို အာဏာအပ်နှင်းလိုက်တာပါ။

စစ်ကောင်စီက အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာတွေကို ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ စစ်အုပ်ချုပ်ရေး မာရှယ်လောအာဏာကျင့်သုံးဖို့ စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီးအောင်လင်းဒွေးရဲ့ အမိန့်အရ အပ်နှင်းပြီး ထုတ်ပြန်ထားပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ ဒေသခံပြည်သူတဦးက “အခု သူတို့ထုတ်ပြန်ထားတဲ့ နေရာဒေသတွေက ခေတ်အဆက်ဆက် စစ်တပ် အနိုင်ကျင့်တာခံခဲ့ရတဲ့ တိုင်းရင်းသားဒေသတွေ။ စစ်တပ်က နောက်ဆုံးအခြေအနေတခု ရောက်နေပြီဆိုတာ ပြလိုက်တာပဲ။ လက်တွေ့မှာလည်း တိုင်းရင်းသား ဒေသတွေမှာ စစ်တပ်က အကြမ်းဖက်နေကျ မာရှယ်လောထုတ်ပြီး သက်သေပြလိုက်တာ” လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက “စစ်တပ်က နဂိုကတည်းက အာဏာသိမ်းပြီး အုပ်ချုပ်နေတာပဲ။ တခုတော့ရှိတယ်။ စစ်ခုံရုံးလုပ်ပြီး  ပြည်သူတွေကို သေဒဏ်ပေးတာတွေ လုပ်လာနိုင်တဲ့ အခြေအနေတခု ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ တိုင်းရင်းသားဒေသတွေမှာတော့ ထူးထူးခြားခြားဖြစ်သွားမှာမဟုတ်ဘူး”လို့ ပြောပါတယ်။

အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် နစက က တိုင်းနဲ့ ပြည်နယ် ၈ ခုထဲက မြို့နယ် ၃၇ မြို့နယ်ကို  ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၁၉ အရ အမိန့်အမှတ် (၁/၂၀၂၃) (၂/၂၀၂၃) (၃/၂၀၂၃) (၄/၂၀၂၃) (၅/၂၀၂၃) (၆/၂၀၂၃) တို့ဖြင့် စစ်အုပ်ချုပ်ရေး အပ်နှင်းလိုက်တယ်လို့ အသိပေးထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနယ်အဖြစ် သတ်မှတ်လိုက်တဲ့ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့  ရေးမြို့နယ်အတွင်း  စစ်ကောင်စီတပ်တွေနဲ့ KNLA၊  KNDO၊ ကော်သူးလေတပ်မတော်နဲ့ PDF မဟာမိတ်ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေသလို စစ်ကောင်စီက လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူ ၄၀၀၀ ကျော်ဟာ ဒီကနေ့အထိ  ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013