Home
မြန်မာသတင်း
ဟုမ္မလင်းမြို့နယ်၌ စစ်ရဟတ်ယာဉ် ၁ စီးကို ပစ်ချ
DVB
·
February 3, 2023

အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီး ပစ်ချနိုင်ခဲ့တယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက  ဖေဖော်ဝါရီ ၃ ရက် ဒီနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ နေ့လယ် ၃ နာရီ ၄၅ မိနစ်လောက်က စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ခန္တီးခရိုင်တပ်ရင်း (၁)- ဟုမ္မလင်း ၊HPDF-124 ၊ HPDF၊HPDF မိုးကြိုးနဲ့ မဟာမိတ်တပ်ပေါင်းစုက ပျက်ကျအောင် တိုက်ခိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ 

စစ်ရဟတ်ယာဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး အယောက် ၂၀ လောက် သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ၂ ယောက်လည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

နအဖခေတ် ဗိုလ်ချုပ်သာအေး တည်ထားခဲ့တဲ့ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို  ဖေဖော်ဝါရီ ၁ ရက်ကစပြီး ခန္တီးခရိုင်အမှတ်(၁)တပ်ရင်း-ဟုမ္မလင်း  ခန္တီးခရိုင်တပ်ရင်း(၁) နဲ့ PDF မဟာမိတ်တပ်တွေက စီးနင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

နောက်တနေ့ ဇန်နဝါရီ ၂ ရက်နေ့မှာတော့ စစ်ကောင်စီတပ်တွေက  စစ်သုံးရဟတ်ယာဉ်နဲ့ ၃ ကြိမ်လာရောက်ပစ်ခတ်ခဲ့သလို မြေပြင်တပ်တွေနဲ့ ရေလမ်းကပါ  ထိုးစစ်ဆင်ရာ တိုက်ပွဲမှာ HPDF -124 အဖွဲ့ဝင်  ရဲဘော် ဒုံးကြီး (အသက်၂၇ နှစ်)ဟာ ညနေပိုင်းတိုက်ပွဲမှာ ကျဆုံးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။     

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024