Home
မြန်မာသတင်း
မြောက်ဥက္ကလာ ထွေအုပ်ရုံးဘေးတွင် ဗုံးတွေ့သဖြင့် စစ်ကောင်စီတပ် ဖောက်ခွဲ
DVB
·
February 3, 2023

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဃ ရပ်ကွက်၊ အဝိုင်းကြီးနားက ခေမာသီလမ်းနဲ့ သီရိကန်သာလမ်းထောင့်ရှိ မြောက်ဥက္ကလာပ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဘေးမှာ ဖေဖော်ဝါရီ ၃ ရက် ဒီမနက် ၁၁ နာရီလောက်က အနက်ရောင်ကြွပ်ကြွပ်အိတ်နဲ့ ထုပ်ထားတဲ့ ကီးပတ်ဖုန်းပါ အဝေးထိန်းဗုံးတလုံးကို တွေ့ရှိခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖောက်ခွဲလိုက်ပါတယ်။

ထွေအုပ်ရုံးထောင့်က မြောင်းအနားမှာ တွေ့တာဖြစ်ပြီး လူတွေတော့ ထိခိုက်တာ မရှိဘူးလို့ ဒေသခံ တဦးကပြောပါတယ်။

“အဲ့နားကို မြောက်ဥက္ကလာ မာရှယ်လော အထုတ်ခံရကတည်းက သူတို့ လမ်းပိတ်ထားတာ။ ဘေးမှာ တည်းခိုခန်းလည်း ရှိတယ်။ အဲ့လမ်းကနေ ဝင်မရလို့ အဝိုင်းကြီးကနေ ပတ်ဝင်ရတယ်လေ။ ထွေအုပ်မှာက ရုံးထဲနဲ့ ခြံအပြင်မှာ စီစီတီဗွီတွေရှိတယ်။ စစ်ကားတစီးနဲ့ စစ်သားတွေ ကင်းချထားတာ။ အဲ့ပိတ်ထားတဲ့လမ်းမှာ တွေ့တယ်ဆိုတော့ ဘယ်သူလုပ်သလဲ အသိဆုံးနေမှာပါ။ နောက်ပြီး ဗုံးတွေ့တယ်ဆိုရင် အရေးကြီးတဲ့ပုံစံဖြစ်ရမယ်။ ဗုံးအကာတွေဘာတွေ သေချာဝတ်ပြီးမှ နေရာရွှေ့ရတာပဲ မြင်ဖူးတယ်။ ဒီမှာ လှမ်းတွေ့လိုက်တော့ အဲ့ကြွပ်ကြွပ်အိတ်ကို ဒီတိုင်းကလေးဆွဲပြီး ဝေပုလ္လ ၆ လမ်းထောင့် နေရာလွတ်မှာ ‌ကားတာယာအဟောင်းတွေနဲ့ ပတ်ပြီး ဖောက်လိုက်တာပဲ။ ၁၁ နာရီ မိနစ် ၂၀ လောက် ပေါက်သွားတယ်။ ဗုံးအသံတော့ တော်တော်ကျယ်တယ်။”

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီအတွင်း မြောက်ဥက္ကလာပမှာ ပထမဆုံးအကြိမ် ဗုံးပေါက်ကွဲတာလို့ မြို့ခံတွေဆီက သိရပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီဇင်ဘာလအထိ ၁၁ လအတွင်း မြို့တွင်း ဗုံးပေါက်ကွဲမှု ၆ ကြိမ်လောက် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024