DVB Logo
Home
မြန်မာသတင်း
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များတွင် စစ်ခုံရုံးဖြင့် စစ်ဆေးတရားစီရင်မည်
DVB
·
February 3, 2023
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များတွင် စစ်ခုံရုံးဖြင့် စစ်ဆေးတရားစီရင်မည်
Donate to DVB

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့နယ်တွေမှာ အမှု ၂၃ မျိုးကို စစ်ခုံရုံးကနေ စစ်ဆေးမှာဖြစ်ပြီး သေဒဏ်၊ ထောင်တသက်နဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေချမယ်လို့ အကြမ်းဖက်စစ်ကောင်စီက ကြေညာပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ပြည်နယ်နဲ့တိုင်းတချို့က တော်လှန်ရေး ပြင်းထန်နေတဲ့ မြို့နယ် ၃၇ မြို့နယ်ကို ဖေဖော်ဝါရီ ၂ ရက်နေ့က စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာ​ထားပါတယ်။

စစ်အုပ်ချုပ်ရေးဒေသတွေမှာရှိနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ လည်ပတ်နေတဲ့ အဖွဲ့အစည်းအဆင့်ဆင့်ဟာ သူတို့နဲ့သက်ဆိုင်တဲ့ လုပ်ငန်းတာဝန်တွေကို သက်ဆိုင်ရာ တိုင်းမှူးတွေရဲ့ ကွပ်ကဲမှုနဲ့ လုပ်ဆောင်ရမယ်လို့ အကြမ်းဖက်စစ်ကောင်စီအတွင်းရေးမှူးရဲ့ စာမှာ ဖော်ပြထားပါတယ်။

စစ်တိုင်းမှူးတွေအနေနဲ့ လုံခြုံရေး၊ လူမှုရေး၊ ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ကိစ္စတွေကို ကိုယ်တိုင်ဖြစ်စေ၊ သူက လွှဲပေးတဲ့သူကဖြစ်စေ လုပ်ရမှာဖြစ်ပြီး တရားစီရင်ရေးကိုတော့ ရှိပြီးသားတရားရုံးတွေနဲ့ဖြစ်စေ၊ စစ်ခုံရုံးတွေနဲ့ဖြစ်စေ စစ်ဆေးနိုင်တယ်လို့ ဆိုပါတယ်။

လူသတ်မှု၊ လူသေမှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ဓားပြမှု၊ အဂတိလိုက်စားမှု၊ မူးယစ်ဆေးဝါးမှုတို့လို ပြစ်မှုတွေ၊ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုလို အမှုတွေ၊ သတင်းမီဒီယာဥပဒေအရ ပြစ်မှုတွေ၊ ပုံနှိပ်ထုတ်ဝေရေးနဲ့ ပတ်သက်တဲ့အမှုတွေ၊ လဝကနဲ့ ပတ်သက်တဲ့အမှုတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးဥပဒေအရ အမှုတွေ စတာတွေကို စစ်ခုံရုံးမှာ စီရင်နိုင်တယ်လို့ လမ်းညွှန်စာမှာ ဖော်ပြထားပါတယ်။

အဲဒီစစ်ခုံရုံးတွေကနေ သေဒဏ်၊ နှစ်အကန့်အသတ်မရှိ အလုပ်နဲ့ထောင်ဒဏ်၊ သက်ဆိုင်ရာ ပြစ်မှုအလိုက် အမြင့်ဆုံးပြစ်ဒဏ်ထဲက တခုခုကို ချမှတ်ရမှာဖြစ်ပြီး အယူခံခွင့်မရှိဘူးလို့ ဆိုပါတယ်။

သေဒဏ်ကိုတော့ အကြမ်းဖက်စစ်ကောင်စီဥက္ကဋ္ဌဆီကို ပြင်ဆင်ခွင့်တင်နိုင်ပြီး တခြားအမှုတွေကတော့ သက်ဆိုင်ရာတိုင်းမှူး ဒါမှမဟုတ် ဒေသကွပ်ကဲရေးမှူးတွေဆီကို ပြင်ဆင်ခွင့်တင်နိုင်တယ်လို့လည်း ဆိုပါတယ်။

NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက  "ဒီကြေညာချက်ကတော့ အဲဒေသတွေအတွင်းမှာရှိတဲ့ ပြည်သူလူထုကို ပိုမိုပြီးတော့ အကြမ်းဖက်နှိပ်ကွပ်ဖို့ပုံစံမျိုး လုပ်ဆောင်တယ်လို့ ပြောနိုင်သလို အဲဒေသအတွင်းက သူတို့အနေနဲ့ ဘယ်လိုမှ အုပ်ချုပ်နိုင်စွမ်းမရှိတော့ဘူးဆိုတဲ့ သက်သေကိုလည်းပြနေပါတယ်။ အမှန်တော့ ဒီဒေသအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီက တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေ လုပ်ဆောင်နေပြီးသားပါ” လို့ ပြောပါတယ်။  

အကြမ်းဖက်စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့ မြို့တွေကတော့ တနင်္သာရီတိုင်းက ပုလောနဲ့ တနင်္သာရီမြို့နယ်၊ ပဲခူးတိုင်းက ထန်းတပင်၊ အုတ်ဖို၊ နတ္တလင်း၊ ပေါင်းတည်နဲ့ ပေါက်ခေါင်းမြို့နယ်၊ မွန်ပြည်နယ်က ရေးမြို့နယ်၊ ကရင်ပြည်နယ်က ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်မြို့နယ်၊ ကယား(ကရင်နီပြည်)က ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနဲ့ ဘော်လခဲမြို့နယ်၊ မကွေးတိုင်းက ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်နဲ့ မြိုင်မြို့နယ်၊ စစ်ကိုင်းတိုင်းက အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်၊ ချင်းပြည်နယ်က တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်နဲ့ ဟားခါးမြို့နယ်တို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013