Home
မြန်မာသတင်း
သင်္ဃန်းကျွန်းမြို့နယ်တွင် ကုန်စုံဆိုင် မီးလောင်
DVB
·
February 3, 2023

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက်၊ ဦးစံဖေလမ်းမှာရှိတဲ့ ချစ်စရာ ကုန်စုံဆိုင်မှာ ဖေ‌ဖော်ဝါရီ ၃ ရက် ဒီနေ့မနက် ၁၁ နာရီခွဲက မီးလောင်မှုဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဦးစံဖေလမ်းရှိ အရက်၊ အအေးမျိုးစုံ လက်လီလက်ကားရောင်းချတဲ့ ချစ်စရာကုန်စုံဆိုင်မှာ ဒီနေ့မနက် ၁၁ နာရီက မီးစတင်လောင်ခဲ့ရာ မီးသတ်ယာဥ်တွေနဲ့ ပရဟိတအဖွဲ့တွေက level 2 အဆင့်နဲ့ နာရီဝက်ကြာ မီငြှိမ်းသတ်ခဲ့ရတယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မီးက အတော်လေးလောင်တာ၊ ကုန်စုံဆိုင်လည်း တဝက်ပါသွားတယ်။ ရေစဲစက်ရော နည်းနည်းပါသွားတယ်။”

မီးလောင်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ လတ်တလောမှာ မီးလောင်ရတဲ့ အကြောင်းအရင်းကို စစ်ဆေးနေပြီး ဆုံးရှုံးမှုတန်ဖိုးကို မသိရသေးဘူးလို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ၃ ရက်အတွင်း အင်းစိန်၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်မြို့နယ်တို့မှာ မီးလောင်မှု လေးကြိမ် ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ရန်ကုန်မှာ မီးလောင်မှု ၄၅ ကြိမ်ဖြစ်ခဲ့ပြီး လေးဦးသေဆုံးကာ မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအဖွဲ့ဝင်တချို့ ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

ရန်ကုန်တိုင်းမှာ ၂၀၂၂ ခုနှစ်အတွင်း မီးလောင်မှု ၂၂၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ၇ ဦး သေဆုံးကာ ၂၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024