1876 Call Center မသန်စွမ်းသူ အယောက် ၃၀ ကို အလုပ်ခန့်မည်

တယ်လီဖုန်းကနေ ၀န်ဆောင်မှုပေးနေတဲ့ 1876 Call Center ဟာ မသန်စွမ်းသူ အယောက် ၃၀ ကို အလုပ်ခန့်မယ်လို့ ထုတ်ပြန်ကြေညာပါတယ်။ Untitled-1 copyအကြားအာရုံ ချို့ယွင်းသူ၊ အမြင်အာရုံ ချို့ယွင်းသူနဲ့ ကိုယ်အင်္ဂါ ချို့ယွင်းသူတွေဟာ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ဆီမှာ အလုပ်သွားရောက် လျှောက်ထားနိုင်ပြီး အလုပ်ခန့်အပ်မယ့်သူတွေကို မသန်စွမ်းအဖွဲ့နဲ့ ကောလ်စင်တာ ပူးပေါင်း ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။ အခြေခံလစာ ကျပ် ၇ သောင်း ပေးမှာ ဖြစ်ပြီး အလုပ်ခန့်အပ်ရေး ဆိုင်ရာ သဘောတူ စာချုပ်တခုကို မသန်စွမ်းအသင်းနဲ့ ကောလ်စင်တာတို့ ဇူလိုင်လဆန်းပိုင်းမှာ စာချုပ်ချုပ်သွားမယ်လို့ 1876 Call Center ဖြေကြားသူက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up