DVB Logo
Home
မြန်မာသတင်း
NUG ယာယီသမ္မတကြီး၏ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာ တိုက်ခိုက်ခံရ
DVB
·
February 3, 2023
NUG ယာယီသမ္မတကြီး၏ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာ တိုက်ခိုက်ခံရ
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာဟာ မသမာသူ ရန်သူ့ဘက်တော်သားတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်လို့ ဖေဖော်ဝါရီ ၂ ရက်မှာ ပြည်သူလူထုကို အသိပေးကြေညာထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်တဲ့အနေနဲ့ မြန်မာတနိုင်ငံလုံး တိတ်ဆိတ်ခြင်းသပိတ်နဲ့ အောင်ပွဲခံနေကြစဉ် ၇  နာရီဝန်းကျင်မှာ ယာယီသမ္မတကြီးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာသည် တိုက်ခိုက်ခံရလို့ စာမျက်နှာပေါ်က ပို့စ်တွေ အားလုံး ပျောက်ပျက်သွားခဲ့တယ်လို့ ယာယီသမ္မတကြီးရုံး ဖေ့စ်ဘွတ်ခ်စာမျက်နှာ တာဝန်ခံက ဆိုပါတယ်။

NUG နည်းပညာအဖွဲ့ရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ဖေဖော်ဝါရီ ၂ ရက်နေ့မနက်မှာ လက်ဝယ် ခိုင်ခိုင်မာမာပြန်လည်ရရှိခဲ့ပြီး ယာယီသမ္မတကြီးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ လုံခြုံရေးကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။

ရန်သူသည် အွန်လိုင်းတိုက်ခိုက်မှုတွေကို အရင်ကထက် ဖိဖိစီးစီး အားထုတ်လုပ်ဆောင်လာနေလို့ ဆိုရှယ်မီဒီယာကိုအသုံးပြုနေကြတဲ့ တော်လှန်ရေး ရဲဘော်တွေ၊ မိသားစုဝင်တွေအားလုံး ပိုမို သတိထားကြဖို့နဲ့ လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ အကြံဉာဏ်တွေကို သက်ဆိုင်ရာဌာနတွေမှာ ရယူပြီး ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းသတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013