DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးပြင်းထန်နေသည့် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာ
DVB
·
February 2, 2023
တော်လှန်ရေးပြင်းထန်နေသည့် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာ
1 / 2
Donate to DVB

အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီဟာ ပြည်နယ်နဲ့တိုင်းတချို့က တော်လှန်ရေးပြင်းထန်နေတဲ့ မြို့နယ် ၃၇ မြို့နယ်ကို ဒီနေ့ စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာ​လိုက်ပါတယ်။

တနင်္သာရီတိုင်းက ပုလောနဲ့ တနင်္သာရီမြို့နယ်၊ ပဲခူးတိုင်းက ထန်းတပင်၊ အုတ်ဖို၊ နတ္တလင်း၊ ပေါင်းတည်နဲ့ ပေါက်ခေါင်းမြို့နယ်၊ မွန်ပြည်နယ်က ရေးမြို့နယ်၊ ကရင်ပြည်နယ်က ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်မြို့နယ်၊ ကယား(ကရင်နီပြည်)က ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနဲ့ ဘော်လခဲမြို့နယ်၊ မကွေးတိုင်းက ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်နဲ့ မြိုင်မြို့နယ်၊ စစ်ကိုင်းတိုင်းက အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်၊ ချင်းပြည်နယ်က တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်နဲ့ ဟားခါးမြို့နယ်တို့ ဖြစ်ပါတယ်။

ဒါကြောင့် ချင်းတပြည်နယ်လုံးနီးပါးကို စစ်အုပ်ချုပ်ရေးကြေညာတာဖြစ်ပြီး စစ်ကိုင်းတိုင်းမှာတော့ မြို့အများဆုံး ကြောညာထားတာပါ။

ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ် ကော်မတီဝင်တယောက်က "လူထုသပိတ်တွေရော လက်နက်ကိုင်တွေရော ရှိနေသမျှကာလပတ်လုံး စစ်ကောင်စီက လုံးဝအုပ်ချုပ်ခွင့် မရစေရဘူးလို့ ပြောချင်တယ်ဗျ" လို့ ပြောပါတယ်။

စစ်တိုင်းမှူးတွေကို အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ အုပ်ချုပ်ရေးအာဏာပေးလိုက်တာဖြစ်ပြီး စစ်နယ်မြေမှူးတွေကို လည်း တာဝန်လွှဲပေးနိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံ့အာဏာကို တရားမဝင်လုယူထားတဲ့ အကြမ်းဖက်စစ်အုပ်စုကတော့ ပြီးခဲ့တဲ့  ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်ခဲ့တဲ့ ကာလုံအစည်းအဝေးရဲ့ ထောက်ခံချက်နဲ့ နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်ပြီး တရားမဝင် ရွေးကောက်ပွဲကို ကျင်းပနိုင်ဖို့ အတင်းအကြပ် ကြိုးစားနေကြတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ အချိန် ၂ နှစ် ပြည့်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း လက်ရှိအချိန်တိုင်အောင် လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013