DVB Logo
Home
မြန်မာသတင်း
အိန္ဒုရဲစခန်းမှ ရဲတပ်သား ၁ ဦး အာဏာဖီဆန် CDM ပြုလုပ်အလင်းဝင်
DVB
·
February 2, 2023
အိန္ဒုရဲစခန်းမှ ရဲတပ်သား ၁ ဦး အာဏာဖီဆန် CDM ပြုလုပ်အလင်းဝင်
Donate to DVB

ကရင်ပြည်နယ်အခြေစိုက်၊ အိန္ဒုနယ်မြေရဲစခန်းက ရဲလုပ်သက် ၆ နှစ် ရှိတဲ့ ရဲတပ်သားတယောက်ဟာ  စစ်ကောင်စီကို အာဏာဖီဆန် CDM ပြုလုပ်ပြီး   Justice soldier PDF (ကျားဖြူတပ်ခွဲ(၅) ဆီ အလင်းဝင်လာခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Justice soldier PDF အဖွဲ့ကတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် တပ်ဖွဲ့ဝင်သစ်အဖြစ် ကြိုဆိုခဲ့ကြတဲ့ ဓာတ်ပုံတွေကို မျှဝေထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က Non CDM ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ထားခဲ့ပြီးနောက် အလင်းဝင်လာသူ များစွာရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ဒေါက်တိုက် Non CDM တွေကို CDM လုပ်ဖို့အတွက် နှိုးဆော်ထားပြီး မလိုက်နာဘူးဆိုရင် အကြမ်းဖက်ဥပဒေနဲ့ တရားစွဲပြီး ဖမ်းဝရမ်းထုတ်မယ်လို့ NUG အစိုးရ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ပြောထားခဲ့တာပါ။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေ အပါအဝင် ပြည်သူ့ ဘက်တော်သား ဝန်ထမ်းတွေဟာ သူတို့ရဲ့ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပြီး စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက်ကတော့ သောင်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို  NUG  က တိုက်တွန်း နှိုးဆော်ထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) စတဲ့ အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်း ကြိုဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013