DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်က တလအတွင်း စစ်ကိုင်းတိုင်းရှိ ပြည်သူလူထု နေအိမ် ၄,၃၀၀ ခန့်ကို မီးရှို့ဖျက်ဆီး
DVB
·
February 1, 2023
စစ်ကောင်စီတပ်က တလအတွင်း စစ်ကိုင်းတိုင်းရှိ ပြည်သူလူထု နေအိမ် ၄,၃၀၀ ခန့်ကို မီးရှို့ဖျက်ဆီး
Donate to DVB

ပြီးခဲ့တဲ့ ဇန်နဝါရီ တလတာအတွင်း အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတဝန်း မီးရှို့ဖျက်ဆီးမှု အကြိမ်ရေ ၁၄၀ နီးပါးထိ ကျူးလွန်ခဲ့ပြီး စစ်ကိုင်းတိုင်းမှာတော့ ၁၀၉ ကြိမ်နဲ့ အများဆုံး ကျူးလွန်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက စာရင်းပြုစုထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးမှုတွေကြောင့် မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၄,၂၇၁ လုံးအထိ ရှိခဲ့ပြီး မီးရှို့သတ်ဖြတ်ခံရသူ ၁၇ ယောက်၊ ထိခိုက်ပျက်စီးခဲ့တဲ့ ဘာသာရေးအဆောက်အဦမျိုးစုံ ၁၀ လုံးနဲ့ စာသင်ကျောင်း ၁ ကျောင်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ မကွေးတိုင်းထဲမှာ မီးရှို့ခံရတဲ့အကြိမ်ရေ ၁၃ ကြိမ်ရှိခဲ့ပြီး မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၃၅၇ လုံးအထိ ရှိခဲ့ကာ ထိခိုက်ပျက်စီးခဲ့တဲ့ ဘာသာရေး အဆောက်အဦမျိုးစုံ ၁ လုံး ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်ထဲမှာတော့ စစ်ကောင်စီတပ်တွေ မီးရှို့ခံရတဲ့အကြိမ်ရေ ၄ ကြိမ်၊ မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၅၉ လုံးအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မန္တ‌လေးတိုင်းမှာ စစ်ကောင်စီတပ်တွေ မီးရှို့ခံရတဲ့အကြိမ်ရေ ၂ ကြိမ်၊ မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၅၂ လုံး၊ တနင်္သာရီတိုင်းထဲမှာ မီးရှို့ခံရတဲ့ အကြိမ်ရေ ၅ ကြိမ်၊ မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၃၄ လုံး၊ ချင်းပြည်နယ်ထဲမှာ မီးရှို့ခံရတဲ့အကြိမ်ရေ ၂ ကြိမ်၊ မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၉ လုံး၊ မီးရှို့သတ်ဖြတ်ခံရသူ ၆ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်ထဲမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးမှု ၂ ကြိမ် ကျူးလွန်ခဲ့ကြပြီး မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၆ လုံးရှိခဲ့ကာ ရခိုင်ပြည်နယ်မှာတော့ မီးရှို့ခံရတဲ့ အကြိမ်ရေ ၁ ကြိမ်နဲ့ မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၁ လုံး ရှိခဲ့တာပါ။

ဒီအချက်အလက်တွေကိုတော့ NUG အစိုးရက လွတ်လပ်တဲ့မီဒီယာတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ မြေပြင်ကနေ ပြည်သူလူထုပေးပို့တဲ့ သတင်းအချက်အလက်တွေကို စိစစ်ဖော်ပြတာဖြစ်ပြီး မြေပြင်မှာတော့ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုတွေဟာ ပိုပြီးတော့ များပြားနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံအနှံ့ မြို့ရွာတွေမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013