Home
မြန်မာသတင်း
စစ်အာဏာသိမ်း ၂ နှစ်ပြည့် အသံတိတ်သပိတ်တွင် ရန်ကုန်ပြည်သူအများစု ပူးပေါင်းပါဝင်
DVB
·
February 1, 2023
328600672_1287810851796274_5513289341936913425_n
328591162_1642052976249467_3925955328688788052_n
328686976_773250071082925_4133180587341436592_n
324086015_1884821975199402_3575105770549198629_n
326055578_550718700425726_9213390854179293724_n
328629280_670531114818122_7265750274441980087_n
328580722_1010003999960127_8087705505349052389_n
328829930_729994462106250_6194769612772759751_n
328795193_555012106678396_2220410019064484952_n
325775039_1353509462137360_5574251496053291820_n
328539536_743086327028877_5817876642659890886_n
328615549_1533058550439146_1181253395682229170_n
328617848_1624067818097881_6385875329345053718_n
328721215_2046129318924074_7897456516705487442_n
320601926_700122064921222_1058187419090455284_n

စစ်တပ်အာဏာသိမ်း ၂ နှစ်ပြည့် "တသံတည်းညီ၊ တချီတည်းရုန်း” ကြွေးကြော်သံနဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြုလုပ်တဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကို ရန်ကုန်မြို့က ပြည်သူအများစု ပူးပေါင်းပါဝင်ခဲ့ကြပြီး စစ်ကောင်စီတပ်တွေက ရန်ကုန်မြို့အနှံ့လုံခြုံရေးအင်အား အများအပြားနဲ့ တင်းကျပ်စစ်ဆေးနေတယ်လို့ ရန်ကုန်မြို့ခံတွေထံက သိရပါတယ်။

ရန်ကုန်လူထုက အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်ခဲ့ကြပြီး ဒီနက်မိုးလင်းစအချိန်ကတည်းက ပုံမှန်သွားလာမှုထက် ပိုမိုလျော့နည်းခဲ့ကာ မနက် ၁၀ နာရီထိုးချိန်မှာတော့ လူသွားလူလာနဲ့ ယာဉ်အသွားအလာတွေဟာ တဖြည်းဖြည်းလျော့နည်းလာခဲ့ကာ တစထက်တစ လမ်းမတွေထက်မှာ တိတ်ဆိတ်သွားတာကို တွေ့ရှိရပါတယ်။

အသံတိတ်သပိတ်ပြုလုပ်မယ်ဆိုတာကြောင့် စစ်ကောင်စီဟာ ရန်ကုန်မြို့တော်ခမ်းမရှေ့မှာ တပ်ထောက်ခံပွဲကျင်းပဖို့စီစဉ်ထားရာမှာ ဒီကနေ့မနက် ရန်ကုန်မြို့တော်ခမ်းမရှေ့လမ်းကို ပိတ်ချကာ လုံခြုံရေးအင်အားအများအပြားနဲ့ တပ်ထောက်ခံပွဲကို နေ့စားခတိုးမြှင့်ပေးပြီး ပြုလုပ်ခဲ့ ပေမဲ့ လူအင်အားအနည်းငယ်သာ လာရောက်ကြပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့အနှံ့ စစ်ကောင်စီတပ်တွေက DC ကားတွေနဲ့ မြို့အနှံ့ လှည့်ပတ်မောင်းနှင်နေသလို လမ်းဆုံလမ်းခွလိုနေရာတွေမှာလည်း တပ်အင်အားတွေချထားပြီး လုံခြုံရေးကို တင်းကျပ်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024